ကိုယ့်မျက်လုံးကိုယ်မယုံဘဲ မေးခွန်းထုတ်မိစေမယ့် ဓာတ်ပုံများ

မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။ လူတွေက ကိုယ့်မျက်စိနဲ့ မြင်ရတဲ့ အရာတွေကို ရာနှုန်းပြည့် ယုံကြည်ကြလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်မျက်လုံးနဲ့ မြင်ရတိုင်း မယုံကြည်ရဘူးဆိုတာကို သက်သေပြနေတဲ့ ဓာတ်ပုံတွေလည်းရှိပါသေးတယ်။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ ပရိသတ်တွေကိုယ်တိုင် မျက်လုံးနဲ့ မြင်နေရပေမယ့် မယုံမကြည်ဖြစ်ပြီး မေးခွန်းထုတ်မိစေမယ့် ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ (ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ် ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)

(၁)

ခွေးနှစ်ကောင် ပူးကပ်ထိုင်နေတာဖြစ်ပေမယ့်

အရောင်ရောစပ်သွားမှုကြောင့် မျက်လုံးအမြင်လှည့်စားမှုတွေ ဖြစ်နေတာပါ။

(၂)

မနက်မိုးလင်းကာစ ကောင်းကင်ကြီးပေါ်မှာ

ပေါ်နေတဲ့ ဝက်ဝံရုပ်တိမ်စိုင်ကြီး.. (Shwe Nyan Shin)

(၃)

လူရုပ်သေးသေးလေးတွေနဲ့ ဘဲတစ်အုပ်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဆိုပေမယ့်

ပရိသတ်တွေကို မျက်စိအမြင်လှည့်စားနိုင်ခဲ့ပါတယ်။

(၄)

ဖန်ခွက်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဟာ နောက်ခံမြင်ကွင်းနဲ့ ရောသွားပြီး

ခွက်အကျိုးအပဲ့ ပုံစံမျိုးဖြစ်နေတာပါ။ (Shwe Nyan Shin)

(၅)

ကမ်းခြေမှာ အခန့်မသင့်ရင် အခုလို ဧရာမ ပင်လယ်ဇင်ယော်ကြီးတွေကို တွေ့နိုင်ပါလိမ့်မယ်…

ဒါပေမယ့် အမြင်အာရုံလှည့်စားနိုင်ဖို့ ရှုထောင့်မှန်ကနေ ဓာတ်ပုံရိုက်တတ်တဲ့ သူတစ်ယောက်တော့ လိုတာပေါ့လေ

(၆)

မြင်းတွေပြေးနေတဲ့ ပုံပါတဲ့ ကော်ဇောပေါ်မှာ လှဲအိပ်နေတဲ့ ကြောင်လေး…

တစ်ယောက်ယောက်က မသိဘဲ တက်နင်းမိရင် ဒုက္ခ

(၇)

ကမ်းခြေမှာလွင့်နေတဲ့ ပေ၉၀ ရှည်လျှားလှတဲ့ ဝေလငါးပုံစံ စွန်

(Shwe Nyan Shin)

(၈)

ဇီးကွက်သေးသေးလေးလို၊ နှာခေါင်းပေါက်လိုလို

ဖြစ်နေတဲ့ အစေ့အဆန်လေး (Shwe Nyan Shin)

(၉)

သူမရဲ့ ခန္ဓာကိုယ်က

တစ်ခုခုတော့ လွဲနေသလိုပဲ။

(၁၀)

ကြက်ဥအနှစ်တွေက ရောသွားပြီး စိတ်ပျက်လက်ပျက်

မျက်နှာကြီးပေါ်နေတာပါ။ (Shwe Nyan Shin)

(၁၁)

ဘာတွေ စိုက်ထားတဲ့ စိုက်ခင်းလဲလို့ တွေးနေတာလားပရိသတ်တို့ရေ….

ကြောင်လေးရဲ့ အမွှေးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံပါနော်။

(၁၂)

အမျိုးသမီးရဲ့လက်က ကလေးရဲ့လက်ကို ကွယ်ထားတော့

ကလေးရဲ့လက်က အကြီးကြီးလို ဖြစ်နေတာပါ။ (Shwe Nyan Shin)

(၁၃)

ကောင်မလေးရဲ့ ဒေါက်ဖိနပ်ပုံစံက ရုတ်တရက်ကြည့်လိုက်ရင်

ခြေထောက်လေးတွေက တုတ်ချောင်းလေးတွေလို ထင်မိသွားတယ်။

(၁၄)

သေချာကြည့်အုံးနော်..ဓာတ်ပုံထဲ

ကောင်မလေးတစ်ယောက်မှ မရှိဘူး

(၁၅)

ဆီဘီရီးယားကောင်းကင်ပေါ်က ဌက်ပုံစံ တိမ်အစု

(Shwe Nyan Shin)

(၁၆)

အဖြေလွှာစာရွက်ပြန်ရတော့ ဆရာမက SALSA ထိုးပေးလိုက်တယ်ထင်တာ…

သေချာကြည့်မှ 59/59 ရေးထားမှန်းသိတယ်။ (Shwe Nyan Shin)

(၁၇)

မှန်ထဲမှာပေါ်နေတဲ့ အရိပ်မှာ မျက်မှန်ရဲ့မှန်နှစ်ဘက်

မတူညီတာကို တွေ့ရမှာဖြစ်ပါတယ်။

(၁၈)

လက်ယောင်ဆောင်သော ခွေး…

(Shwe Nyan Shin)

(၁၉)

မြေပြင်ပေါ်မှာ ကျနေတဲ့ ထင်းရှးပင်ခြောက်တွေဟာ

အထင်ကြီးဖို့ကောင်းတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။

(၂၀)

ဘီယာခွက်ထဲမှာ ခွေးပုံလေးကို ဘယ်သူမြင်လဲ

(Shwe Nyan Shin)

(၂၁)

ဒီဓာတ်ပုံဟာ မျက်စိပုံမဟုတ်ပါဘူး…

ရေထဲကို ဓာတ်ဆီစက်ချလိုက်တဲ့အခါ ဖြစ်သွားတဲ့ပုံပါ။

(၂၂)

ကတုံးလူကြီးတွေလား….သားရေ ထိုင်ခုံလားမသဲကွဲတော့ဘူးနော်

(Shwe Nyan Shin)

(၂၃)

ရထားပေါ်က သန့်စင်ခန်းဟာ လိုအပ်ပစ္စည်းတွေကိုထားပေးထားတယ်။ သိပ်ကောင်းတာပဲပေါ့….

အနားရောက်မှ နံံရံကပ်စက္ကူဒီဇိုင်းမှန်းသိတော့တယ်။

(၂၄)

ရုတ်တရက်ကြည့်လိုက်တာ

လူမျက်နှာနဲ့ ခွေးခန္ဓာကိုယ်ဖြစ်နေတယ်ထင်လို့ (Shwe Nyan Shin)

(၂၅)


လေပေါ်ပျံနေတဲ့ စွမ်းအားရှင်ကြောင်လေးပေါ့ ..တကယ်တော့ သူက ကားခေါင်မိုးပေါ် တက်ထိုင်နေတာပါ။

(၂၆)

သေချာကြည့်မှ သဘောပေါက်တယ်

(၂၇)

ဟဲ့… လျှောက်မတွေးနဲ့အုံးနော်

(၂၈)

ပရိသတ်တွေရော..အခုလိုမျိုး ကိုယ်မျက်စိနဲ့မြင်တွေ့ရတာ မယုံနိုင်တဲ့ တခြားသောဓာတ်ပုံတွေကို မြင်ဖူးပါသလား.

ကိုယ်တိုင်အမှတ်မထင်ရိုက်ကူးမိထားတဲ့ ဓာတ်ပုံတွေရှိရင်လည်း မျှဝေပေးခဲ့ပါအုံးနော်။

Written By Yoshi (Shwe Nyan Shin)
Ref:Brightside

  နဲ့