မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကြောင်လက်က လူလက်နဲ့ တူနေတယ်တို့၊ကားနောက်ကျောက ပိန်လိန်နေတာက ချစ်သူနှစ်ယောက် နမ်းနေတဲ့ ပုံနဲ့ သွားတူနေတယ် လို့ သင်မြင်မိတာကို တစ်ယောက်ယောက်ကိုများပြန်ပြောရင် သူတို့တွေက သင့်ကို လျှောက်ပြောနေတယ်လို့ပဲထင်နေကြမှာပါ။ ဒီလိုအရာတွေက တကယ်မှ မရှိတာကိုး..သင်ကလည်းတကယ်မြင်ခဲ့တဲ့ အတိုင်း ပြန်ပြောတာဖြစ်ပေမယ့် တကယ်တော့ ဒါတွေကသင့်ရဲ့အမြင်အာရုံကို လှည့်စားမှုတစ်ခုပါပဲ။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကလည်း သင့်ရဲ့အမြင်အာရုံတွေကို လှည့်စားထားတာဖြစ်လို့ သေချာဂရုစိုက်ကြည့်လိုက်ရင် ဝိုးခနဲ့ တောင် အံသြသွားစေနိုင်ပါတယ်။ဆက်လက်ပြီးတော့ ကြည့်ရှုလိုက်ကြပါအုံး။
(၁)
နေဝင်ချိန်မှာရိုက်ထားတဲ့ ဒီဓာတ်ပုံက ဂိမ်းထဲက ပုံနဲ့တောင် ဆင်တူနေသေးတယ်
(၂)
ရိုက်ချက်တော်လွန်းလှတဲ့ ဖေကြီး
(၃)
ဒီကနေ့ရဲ့ မိုးလေဝသ ခန့်မှန်းချက် အစီအစဉ်ကို တင်ဆက်ပေးမှာကတော့ ကျွန်တော် ကြောင်လေးပဲဖြစ်ပါတယ်။
(၄)
မျက်လုံး ရှုပ်သွားတယ်မလား မှန်ကိုကြည့်ပီးတော့
(၅)
ရာသီဥတု အေးတယ်လေ..တစ်ကောင်နှင့်တစ်ကောင် အခုလို ပူးကပ်အိပ်မှ အနေတော်ပဲ..
(၆)
ချည်ထုံး အကြီးကြီးတွေကို ထုံးနိုင်တာ တော်ရုံတန်ရုံ စိတ်ရှည်မှုနှင့်မရဘူးနော်…
(၇)
အခုလိုမျိုး အဝေးကနေ ကြည့်နေရင် ရုပ်ကြွနေအောင် သိုးမွှေးထိုးတတ်ချင်လိုက်တာ…
ဒီသိုးမွှေးကော်ဇော ထိုးထားသူကလည်း သိပ်ကို တော်တာပါပဲ။
(၈)
ဟိတ်ကောင် ..ခပ်တည်တည်ပဲနေ..မင်းကိုငါ့သခင်က ငါရဲ့အရိပ်ပေါ်နေတာလို့ ထင်မှာ..
သူလစ်ရင် မင်းကို ငါ ငါးကြော် ခိုးကျွေးမယ်။ဟုတ်ပြီလား..ခုတော့ ငြိမ်ငြိမ်နေလိုက်အုံး
(၉)
ညတွင်းချင်း ခန္ဓာကိုယ်ရှည်သွားတဲ့ ခွေးလေးပါ။
တကယ်တော့ ခွေးက နှစ်ကောင်ရှိတာပါ။ စောင်နှင့် ဖုံးနေလို့သာမမြင်ရတာပါနော်။
(၁၀)
မြောင်ပါးစပ်နဲ့ အမျိုးသမီး
(၁၁)
ဒီငါးမန်က မသိရင်တော့ ရေခဲမှာ ခဲနေတဲ့ပုံစံ ပေါ်နေပါတယ်
(၁၂)
ရိုက်ချက်တော်လွန်းလှပါတယ်
(၁၃)
ဒီဓားကို သေချာကြည့်လိုက်ပါနော်… ကိုယ်ပျောက်ဓားလို့ ထင်သွားတယ်မလား
(၁၄)
လက်တော့ စခရင် ကွဲနေတာကလည်း လှလိုက်တာနော်.. ရှုခင်းတွေကျနေတာပဲ
(၁၅)
မြင်ဖူးနေကြနှင့်မတူတဲ့ Corvette ကားသေးသေးလေး။ တကယ်တော့ ဒါက မျက်လုံး အာရုံကို လှည့်စားလိုက်တာကြောင့် ကားက တကယ်သေးသွားတယ်လို့ ထင်သွားရတာပါ။
(၁၆)
ဒီအိမ်မှာနေထိုင်သူတွေ လမ်းဘယ်လိုများလျှောက်ကြလည်း သိချင်မိ…ပစ္စည်းတွေကတော့ လျှောမကျသွားဘူးလားမသိဘူးနော်။
(၁၇)
ကြောင်နတ်သမီးလေးများလား…
တကယ်တော့ မှန်ထဲမှာ ကြောင်ရဲ့ ပုံရိပ်နှင့် ကောင်းကင်ရဲ့ အရိပ်တို့ ရောပေါ်နေတာကြောင့် ခုလို အမြင်မှားရတာပဲဖြစ်ပါတယ်။
(၁၈)
တိုက်တိုက်ဆိုင်ဆိုင် မှဖြစ်တတ်လေခြင်း..
ခုလိုမျိုး ပင်စည်ရှိတဲ့ ခြုံပုတ် ဘယ်သူများ လိုချင်ကြတုန်း
(၁၉)
ကျောက်တုံးအကြီးကြီးတွေ ကြားထဲမှာ တစ်ကောင်တည်း ဆွေးနေတဲ့ ဆိတ်လေး..
မြင်ကော မြင်ကြရဲ့ လား ပရိသတ်တို့
(၂၀)
လက်က အရှည်ကြီးပဲ
(၂၁)
ရေကန်ကြီးက မြင့်နေသလိုပုံစံမျိုးပေါက်အောင် မျက်လုံးကို လှည့်စားထားပါတယ်
(၂၂)
ဒီလို ချစ်စရာကောင်းတဲ့ ကြောင်လေးတွေကို တစ်ကောင်ထဲ မွေးရတာ မလုံလောက်ဘူးနော်။
နှစ်ကောင်တောင် ချစ်မဝပါဘူးနော်။
(၂၃)
ပန်းကန်က အကြီးကြီးပဲ .. ဘာလို့လဲသိတယ်မလား
(၂၄)
ဟိုဘက်ခြမ်းကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့ သစ်ပင် လေးမှာတောင် ခုလို လုံအောင် ပုန်းနိုင်တာ မဆိုးဘူးနော်။
အခုလို ခေါင်းကြီးပဲ ပေါ်ပြီး ပြုံးပြုံးကြီး ဓာတ်ပုံ အရိုက်ခံနေတာတော့ ကြောက်ဖို့ ကောင်းတယ်လို့..
(၂၅)
ခွေးအရှည်ကြီး
(၂၆)
အသာလုပ်ပါနော်…
(၂၇)
မုတ်ဆိတ်ကို အပေါ်မော့ပြီး ရိုက်ထားတော့ မျက်လုံးရှုပ်သွားတာပဲ
(၂၈)
ဒီကော်ဖီခွက်လေးက အပေါက်လေးတွေနဲ့ လှတယ်နော်
ဓာတ်ပုံလေးတွေအကုန်လုံးကိုကြည့်ပြီးပြီဆိုတော့ ဘယ်ပုံလေးကများ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ဆုံး ဖြစ်မလဲ။
ကိုယ့်ရဲ့ အတွေးအမြင်လေးတွေကိုလည်းမျှဝေခဲ့ကြပါအုံးနော်။
Ref:Brightside