မိခင်ကို သိန်းလေးဆယ်တန်စိန်လက်စွပ်ကန်တော့နိုင်ခဲ့လို့ ရင်တုန်အောင်ပျော်တယ် ဆိုတဲ့ ဝေလာရီ

သရုပ်ဆောင်ဝေလာရီက မကြာသေးခင်က သူမရဲ့မွေးနေ့အထိမ်းအမှတ် အမှတ်တရလောက်ဆောင်အနေနဲ့ မိခင်ဖြစ်သူကို သိန်းလေးဆယ်တန်စိန်လက်စွပ်ကို လက်ဆောင်ပေးကန်တော့နိုင်ခဲ့လို့ အတိုင်းမသိပျော်ရွှင်နေ တယ်လို့ ဆိုပါတယ်။ ဝေလာရီဆိုတာ အဆိုတော်လိမ်မော်သီးရဲ့ တစ်ဦးတည်းသောညီမလေး လည်းဖြစ်ပါ တယ်။


သူမရတဲ့ အနုပညာကြေးလေးတွေကိုစုထားပြီး မိခင်ဖြစ်သူကို သူ့ဘဝမှာပထမဆုံးအကြိမ်အဖြစ် အခုလိုကန် တော့နိုင်ခဲ့တာဖြစ်ပြီး ဒီလိုကန်တော့ချင်တာလည်း မမလိမ်မော်သီးကို အတုယူအားကျမိလို့လို့ ဆိုပါတယ်။


“မမလိမ်မော်သီးကလည်း မေမေ့ကို အမြဲကန်တော့တာ ဝေလာရီငယ်ငယ်ကတည်း တွေ့နေရတာပါ။ မေမေ့ကို အစ်မက လိုလေသေးမရှိအောင် ဆင်ပေးနိုင်တာတွေ၊ ကန်တော့နိုင်တာတွေကို အားကျလို့ ဝေလာလည်း တစ်နေ့ မေမေ့ကို ကိုယ့်ချွေးနည်းစာလေးနဲ့ ကန်တော့ချင်တယ်လို့ ရည်ရွယ်ထားခဲ့တာ။ အခုတော့ပြည့်မြောက် သွားပြီးပေါ့။ နောက်ပိုင်းမှာမေကြီးကို ဒီထက်မက ပိုကန်တော့နိုင်အောင် ကြိုးစားပါ့မယ်” လို့ မီဒီယာတွေမှာ ဖြေကြားထားပါတယ်။

ဝေလာရီဟာမွန်တိုင်းရင်းသူလေးမို့ စကားပြောတဲ့အခါပွင့်ပွင့်လင်းလင်းနဲ့ ပြောတတ်သူဖြစ်တဲ့အတွက် ပရိသတ် တွေရဲ့ချစ်ခင်အားပေးမှုကိုလည်းရရှိထားသူဖြစ်ပါတယ်။ သူမဟာလက်ရှိအချိန်မှာ ကိုဗစ်ကာလဖြစ်တာကြောင့် ဇာတ်လမ်းတွဲတွေရိုက်ကူးမှု လတ်တလောနားထားပြီး လိုက်ဖ်လွှင့်ပြီး ဈေးရောင်းနေတာလည်းဖြစ်ပါတယ်။ သူမတို့မိသားစုလေးရဲ့ မော်သုံးမော်လိုက်ဖ်ဆိုရင် လည်း ကြည့်ရှုသူများပြားပြီး သူမကို အားပေးချစ်ခင်တဲ့ ပရိ သတ်တွေက စိတ်ဝင်တစားကိုစောင့်ကြည့် အားပေးလေ့ရှိပါတယ်။


ဒါနဲ့ပတ်သက်ပြီးလည်း ဝေလာရီက “ဝေလာရီတို့က မွန်လူမျိုးတွေဆိုတော့ ပွင့်ပွင့်လင်းလင်းနဲ့ ပြောကြတာ ပေါ့။ ပြောရင်းနဲ့ အားပါလာတော့ အသံလေးတွေက သားအမိသုံးယောက်လုံး လုရောင်းကြလို့ ကျယ်ပါတယ်။ အဲဒါ အသံလေးနည်း နည်းတိုးပီးကြည့်ပေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်နော်”လို့ ပြောကြားထားပါတယ်။


ဝေလာရီတို့မိသားစုဟာ ကိုယ်တိုင်ထုတ်မွန်ထမီတွေကိုလည်း ရောင်းချတဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေ ပြီး အခြားသောကုန်ပစ္စည်းတွေကိုလည်း အနုပညာကြေးနဲ့ ယူကာ လိုက်ဖ်လွှင့်ရောင်းချပေးပါတယ်။ ဝေလာ ရီကတော့ သူလိုက်ဖ်လွှင့်ရောင်းချပေးတဲ့ ကုန်ပစ္စည်းတွေကို ကိုယ်တိုင်စမ်းသပ်သုံးစွဲပြီးမှ ရောင်းချပေးတာဖြစ် တယ်လို့ ဆိုပါတယ်။ ပြီးတော့ သူမက ငွေကြေးကို စိစစ်သုံးစွဲတတ်တဲ့ သူတစ်ယောက်လို့လည်း အသိပေးထား ပါတယ်။


“ဝေလာက ပိုက်ဆံအရမ်းစုတတ်ပါတယ်။ သူများတွေလည်းသိတယ်။ အရမ်းကပ်စီးနည်းတယ်ဆိုပြီး ပြော ကြတာ။ အခုဆိုရင် ကလေးတုန်းကလို ပေါက်ကရတွေ လျှောက်မဝယ်တော့ဘူး။ ဝေလာရီ့ဖုန်းထဲမှာ မန်းနီး နုတ်စ်လေး တစ်ခုတောင်လုပ်ထားပြီး စာရင်းအတိအကျမှတ်ထားတတ်တယ်။ဒါကြောင့် အခုလိုမျိုး မေ့မေ့ ကို တကယ့်ကိုပဲ ကိုယ့်ရဲ့ချွေးနည်းစာလေးနဲ့ ကန်တော့နိုင်ခဲ့တဲ့အတွက် ပီတိတအားဖြစ်တာ ရင်တွေတောင် တုန်ပါတယ်” လို့ ဝမ်းသာပီတိစကားပြောကြားခဲ့ပါတယ်။


ဝေလာရီတို့မိသားစုဟာ Broken Family ဖြစ်တဲ့အတွက် လည်း မိခင်ကို ကန်တော့နိုင်သလို ဖခင်ကိုလည်း တတ်နိုင်သလောက်ကန်တော့ကြောင်းပြောကြားထားပါတယ်။“ဖေကြီးကတော့ အဝေးမှာရှိနေတယ်။ အခုချိန်မှာအနုပညာကြေးအနည်းငယ်ကိုလည်း ဖေဖေ့ကို လွှဲ ကန်တော့ ဖြစ်ပါတယ်။ ဒီကာလမှာတော့ ကိုဗစ်ဖြစ်နေချိန်ဆိုတော့ မတွေ့ဖြစ်သေးဘူး။ ဖေဖေ့ကိုတော့ ဖုန်းထဲကနေ ကန်တော့ဖြစ်တယ်။ အရင်ကဆိုရင်တော့ လူကိုယ်တိုင်သွားတွေ့ပြီး ထိုင်ကန်တော့ တာပါ။ အခုလည်းပိုပြီးကြိုးစားသွားမှာပါ” လို့ ဆိုပါတယ်။


လက်ရှိအချိန်မှာတော့ ဝေလာရီ့အနေနဲ့ ဆောင်းဆိုတဲ့ ကာရိုက်တာနာမည်နဲ့ ဇာတ်လမ်းတွဲ တစ်ခုကို ယခုနှစ် သုံးလပိုင်းကတည်းကရိုက်ကူးပြီးထားပြီဖြစ်ကာ လက်ရှိလည်း MRTV 4 ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးနေ ကြောင်းသိရပါတယ်။ သူမရဲ့ဇာတ်လမ်းတွဲလေးတွေ လာရင်လည်းအားပေးပါဦးလို့ ဝေလာရီက ပရိသတ်ကြီး ကိုပြောကြားထားပါသေးတယ်။“မွန်လူမျိုးရဲ့ ဆောင်းဆိုတဲ့ ကာရိုက်တာလေးတစ်ခုရှိပါတယ်။ အဲဒါလေးကကြတော့လေ ရိုက်တာတော့ သုံးလပိုင်းကတည်းက ပြီးတယ်။ ဘယ်ချိန်လွှင့်ဖြစ်မလဲ မသိဘူး။ ဝေလာရီ့စိတ်ထင် ဒီနှစ်ထဲမှာ များလွှင့်ဖြစ် မလားပဲ ၊ ဖမ်မလီဒရမ်မာလေး ပါ။ အဲဒီကားလေးလာရင် ဝေလာ့ကိုအားပေးပါဦး” လို့ ဆိုပါတယ်။

  နဲ့