ကွီးနေထူးနိုင်နော် မလုပ်ရင်ဘာမှ မလုပ်ဘူး လုပ်ပြီဆိုရင်လည်း ဒါမျိုး

ပရိသတ်များအားလုံးပဲ မင်္ဂလာပါ။ ကျွန်မတို့ရဲ့ ချန်နယ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အခုတစ်ခေါက်တင်ဆက်ပေးသွားမှာကတော့ ဖိုက်တင် ဆယ်လီဂုရုကြီး ကွီးနေထူးနိုင်ရဲ့ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဖိုက်တင်မင်းသားကြီး နေထူးနိုင်ဟာ ကွီးနေထူးနိုင်ဆိုပြီးတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းသူတစ်ယောက်ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ သူဟာ ဘယ်သူမှမလုပ်ဖူးတဲ့ အလုပ်တစ်ခုကို လုပ်ဆောင်ပေးဖို့ စီစဉ်နေပါတယ်။ ဒီအစီအစဉ်လေးဟာလည်း အင်မတန်ကောင်းမွန်လှ တာမို့ ပရိသတ်တွေကြားမှာ အထူးပြောစမှတ်ဖြစ်နေကြပါတယ်။

အဲဒါကတော့ စတန့်ဝါသနာပါသူတွေအတွက် စတန့်ပညာကို အခမဲ့ သင်ကြားပေးမယ့် အစီအစဉ်နဲ့ အလုပ် အကိုင် အခွင့်အလမ်းတွေကိုပါ ဖန်တီးပေးသွားမယ့် အစီအစဉ်လေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအခွင့်အလမ်းတွေကို စီစဉ်ပေးမယ့်အကြောင်းကိုတော့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ရေးသားအသိပေးလာ တာပဲ ဖြစ်ပါတယ်။

:ဒီ Postသည်ကျွန်တော်လုပ်ပေးနိုင်တာ လုပ်ပေးဖို့တစ်ခုသာ ရည်ရွယ်ပါတယ်။
” ကျွန်တော့်မွေးနေ့အတွက် ယခုကာလမှာ ကြီးကျယ်ခမ်းနားစွာနဲ့ မလှူနိုင်ပေမယ့် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လူငယ်တွေအတွက် အလုပ်အကိုင်လေးတစ်ခု ဖန်တီးပေးပါရစေ…..အစားကျွေးလိုက်ခြင်းဟာ တစ်နပ်စာအလှူဖြစ်တယ်….ငွေကြေးပေးလိုက်ခြင်းဟာ တစ်ရက်စာအလှူ(သို့မဟုတ်) အတိုင်းအတာတစ်ခုအထိအကူအညီရနိုင်ပါတယ်…..ပညာရော အလုပ်အကိုင်ပါ ပေးလိုက်ခြင်းကတော့ တစ်ဘဝစာအလှူလို့ ကျွန်တော်ခံယူထားပါတယ်….Action ဗီဒီယို နဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့(လက်ရှိနားထားရ) ကျွန်တော့်ဘက်ကပေးနိုင်တာက ကျွန်တော်နဲ့ ကျွန်တော့် Crew တတ်မြောက်ထားတဲ့ မဖြစ်စလောက်သော Stunt အတတ်ပညာများနဲ့ Action ဇာတ်ကားများရိုက်ကူးရာမှာတတ်မြောက်ရတဲ့ အတတ်ပညာများဖြစ်ပါတယ်……လို့ ရေးသား ဖော်ပြခဲ့တာပါ။
ဒါ့အပြင် စတန့်ပညာတွေကို သုံးလအခမဲ့ သင်ကြားပေးမှာဖြစ်သလို လေးလမြောက်တဲ့ လကစလို့ အခြေခံ လစာတွေပါ ပေးအပ်ဖို့ စီစဉ်ထားတယ်လို့ မင်းသားက ပြောကြားထားပါတယ်။

“ပညာရပ်ဆိုသည်မှာ ဘယ်တော့မှအဆုံးမရှိဘူးဆိုတာမှန်ပေမယ့် ကျွန်တော့်ဘက်ကတော့ Stuntman အတတ်ပညာများကို ၃ လ အခမဲ့ သင်ကြားပေးမှာဖြစ်ပြီး ၄ လမြောက် လ ကစလို့ မများလွန်းသောအခြေခံ လစာငွေကြေးကို စတင်ပေးအပ်ဖို့ စိတ်ကူးထားပါတယ်……Stuntman များကို လစာပေးတဲ့စနစ်ကို မြန်မာနိုင်ငံမှာ ကျွန်တော်စတင်ပြီးအကောင်အထည်ဖေါ်ခြင်းဖြစ်လို့ ကျွန်တော့်အတွက်လဲ ရှေ့မှာရင်ဆိုင်ရမယ့် အခက်အခဲတွေ အများကြီးရှိနေမှာကိုလဲ ကျွန်တော်ကြိုပြီး သိပါတယ်……


Stuntman အလုပ်ကို ဝါသနာပါကြတဲ့ ညီငယ်များအတွက်တော့ ကျွန်တော့်အလုပ်ကို ယခုလိုအလုပ်အကိုင်ရှားပါးနေချိန်မှာ ရေထဲက ကောက်ရိုးတစ်မျှင်လို့ ယူဆချင်လဲ ရပါတယ်…..
စိတ်ဝင်စားတယ်ဆိုရင်
အမည် ၊ အဖအမည် ၊ မွေးသက္ကရာဇ် ၊ နေရပ်လိပ်စာ
မှတ်ပုံတင် မိတ္တူ(ဓါတ်ပုံ) ၊ ပညာအရည်အချင်း၊ မိမိဖာသာ ရိုက်ကူးထားသော Stunt Video ၁ မိနစ်စာ တို့ကို ပူးတွဲတင်ပြ၍ အောက်ပါ FB အကောင့်များသို့ ပေးပို့ လျှောက်ထားနိုင်ပါတယ်…. လို့ အသိပေး ထားတာပါ။
.

လျှောက်ထားလိုသူတွေဟာ
* ကိုယ်ကျင့်တရားကောင်းမွန်ရပါမယ်
* အသက် ၁၈ နှစ်ပြည့်ပြီး ၂၈ နှစ်ထက် မကြီးသောသူ ဖြစ်ရပါမယ်
* အိမ်ထောင်မရှိသူ လူပျို ဖြစ်ရပါမယ်(မိန်းမကနောက်ကနေ နားပူနားဆာ လုပ်တာမျိုးတွေရှိလို့ပါ)
* ကျန်းမာရေး ကောင်းမွန်ပြီး ဖျတ်လတ်တက်ကြွသူဖြစ်ရပါမယ်
* Action Production Design နဲ့ပါတ်သက်တာတွေအားလုံး လုပ်နိုင်သူဖြစ်ရပါမယ်
* အသောက်အစား အလွန်အကျွံ Limit မရှိ သောက်စားသူမဖြစ်ရပါဘူး(သင်တန်းကာလ ရိုက်ကူးရေးရှိချိန်များတွင်လုံးဝရှောင်ကျဉ်ရပါမယ်)
* ညွှန်ကြားချက်များအား လေးစားလိုက်နာသူဖြစ်ရပါမယ်
* ရုပ်ရည်ထက်Stuntmanဝါသနာပါသူ ဒီနေရာမှာ (လူတိုင်းအလှတစ်မျိုးစီရှိတဲ့ အတွက် ရုပ်ရည်ကို အဓိက မထားဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင်
* သင်တန်းကာလအပြီး အနည်းဆုံး ၁ နှစ် အတူတကွ Stuntman အလုပ်ကို လုပ်ကိုင်နိုင်ရပါမယ်
* ၆ လတစ်ကြိမ် လစာတိုးပေးဦးမှာဖြစ်ပြီး* ကြိုးစားမှုပေါ်မူတည်ပီး လစဉ် ဘောနပ်စ် ပေးသွားမယ်လို့ ဆိုပါတယ်။
* ကျွန်တော်ရိုက်ကူးသောဇာတ်ကားမဟုတ်ဘဲ ပြင်ပထုတ်လုပ်ရေးများမှ ငှားရမ်းလာသော ဇာတ်ကားများအတွက်လည်း နေ့စားခ သီးသန့်(လစာနှင့်မဆိုင်) ပေးပါမယ်…..လို့ ထပ်မံပြောဆိုထားပြီးတော့
* နယ်ဝေး ခရီး အချိန်မရွေးသွားလာနိုင်သူ ဖြစ်ရပါမယ်လို့လည်း ဆိုပါတယ်။
* အခမဲ့သင်တန်းကာလ ရန်ကုန်မှာနေစရာပေးထားမှာဖြစ်ပြီး(ရန်ကုန်မှာနေထိုင်သူဆိုလျှင်လဲ လာနေရပါမယ်)လို့ အသိပေးထားပါတယ်။
ဒီသင်တန်းမှာတော့ ပိတ်ရက်မရှိပဲ အဆင်ပြေသလို နားကြရမယ်လို့ ဆိုထားပြီး
အလုပ်မရှိလဲ လေ့ကျင့်ရမှာဖြစ်ကာ အလုပ်ရှိလဲ လေ့ကျင့်ရပါမယ်လို့ ပြောကြားထားပါတယ်။
ဒါ့အပြင် လစာ စတင်ပေးမည့် ၄ လမြောက်လကစပြီး နေ/စား စားရိတ်ငြိမ်းစီစဉ်ပေးမှာဖြစ်ပြီး
* သင်တန်းကာလ ၃ လအတွင်း ကျွန်တော့်ညီငယ်တစ်ချို့ရိုက်ကူး မည့် ရိုက်ကွင်းတွေရှိလာခဲ့ရင် ရှုတင်ထမင်း နေ့တိုင်းစားလို့ရပါတယ် …….ကျွန်တော်ပေးနိုင်တာတွေ နည်းနေသေးတယ်ထင်ရင် လာမလျှောက်ပါနဲ့…..
ကျွန်တော်ပြန်လိုချင်တာ တစ်ခုတည်းပါ
“ကြိုးစားပါ၊အပြင်းအထန်ကြိုးစားပါ ၊ မြန်မာ Action ဇာတ်ကားကောင်းတွေဖြစ်လာဖို့အနာဂတ်က မင်းတို့လက်ထဲမှာပါ ” လို့ ပြတ်ပြတ်သားသားကို ရေးသားထားတာပဲ ဖြစ်ပါတယ်။
* လစာနဲ့ ပတ်သက်လို့ကတော့ အခုလိုပြောထားပြန်ပါသေးတယ်။

“လစာဘယ်လောက်ပေးမှာလဲလို့ စပြီးလာမေးမယ့်သူတွေ ရှိလာမှာမို့ ကိုယ်ဘာလုပ်တတ်လဲ ဆိုတဲ့ ၁ မိနစ်စာ ဗီဒီယိုလေး ကို ပို့ပေးတဲ့ သူကို ကျွန်တော် ပိုပြီးတန်ဖိုးထားရွေးချယ်သွားမှာပါ
*အခမဲ့ သင်တန်းအတွက်
Stuntman (10) ဦးတိတိ ရွေးချယ်ပါမယ်
* ကြိုးစားသူမှန်သမျှ လုပ်ငန်းခွင်ထဲရောက်ပါမယ်
(10) ဦးစလုံးလဲ ဖြစ်နိုင်ပါတယ်…..
*ကိုယ့်သဘောနဲ့ကိုယ်လာလျှောက်ပြီး ရွေးချယ်ပြီးမှ အိမ်နဲ့တိုင်ပင်ဦးမယ် ၊ အိမ်ကမလွှတ်လို့ ဘာညာ အကွက်တွေ လာလုပ်ရင် ထာဝရ Blacklist ပါ….
လျှောက်ထားနိုင်သည့် ကာလက
(1 -1 -2022 မှ 10 -1 -2022) အထိ (10) ရက် တိတိပါ”
ဆက်သွယ်ရန် ဖုန်းနံပါတ်
09785332196 ၊ 09795925149 ၊
09786866811
မနက် 9 နာရီမှ ညနေ 5 နာရီအထိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်
ရိုက်ကူးရေးတွေ နားထားရပါတယ်၊ ဘယ်တော့ပြန်ရိုက်ကြမလဲ ကျွန်တော်လဲမသိပါဘူး
ခု Post ကလဲ ကျွန်တော်လုပ်ပေးနိုင်တာ လုပ်ပေးဖို့တစ်ခုသာ ရည်ရွယ်ပါတယ် …..” လို့ဆိုထားတာ ဖြစ်လို့ ပရိသတ်တွေက အထူးကို ကျေးဇူးတင်နေကြတာပဲ ဖြစ်ပါတယ်။

  နဲ့