မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခေါက်တင်ဆက်ပေးဖို့ ယူဆောင်လာတာကတော့ ကလေးဖတ်စရာ စာအုပ်လေးတွေ သင်ထောက်ကူ စာအုပ်လေးတွေထဲက အဓိပ္ပာယ်တစ်မျိုးတစ်မည် ပေါ်ပေါက်စေတဲ့ ပုံများပဲဖြစ်ပါတယ်။မိဘများအနေနဲ့လည်း မိမိတို့ကလေးလေးတွေ မဖတ်ခင်မှာ ကြိုတင်ဖတ်ကြည့်ထားဖို့ လိုမှာတော့ သေချာနေပြီဖြစ်ပါတယ်။ အောက်ကပုံတွေကိုကြည့်လိုက်မယ်ဆိုရင် ကလေးတွေအတွက် မသင့်တော်တဲ့ ပုံတွေကို ထည့်သွင်းပေးထားတဲ့ စာအုပ်လေးတွေကို မြင်တွေ့ရမှာဖြစ်လို့ ပရိတ်သတ်ကြီးက ကြည့်ရှုပေးကြပါဦး။
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
အထီးကျန်တဲ့ ညတစ်ညထက် အူကြောင်ကြောင်မနက်တစ်ခုက ပိုကောင်းပါတယ်တဲ့။ကလေးတစ်ဦး နားလည်နိုင်မဲ့ အနေအထားဖြစ်ရဲ့လားဆိုတာ ပရိတ်သတ်ကြီးက စဥ်းစားပေးကြပါဦး။
(၂)
ရေးထားတဲ့ စာလေးကို ဖော်ပြရရင်တော့ သားက အီးတုံးလေးဖြစ်ပြီး ဖေဖေက သားကို အီးပါချလိုက်တာပေါ့နော်တဲ့။ ဘာကိုဆိုလိုချင်တာပါလိမ့်
(၃)
ငါ့သူငယ်ချင်းတွေအားလုံးသေကုန်ပြီတဲ့။ ကလေးဖတ်စာအုပ် ထဲမှာပါတဲ့ အကြောင်းအရာလေးပါ
(၄)
အုတ်ခဲကို ခြေထောက်နဲ့ကန်မချိုးပဲ လေလည်ပြီးချိုးခဲ့တာပါ။ ကလေးတွေက နားလည်ပါ့မလား။
(၅)
ကလေးတစ်ဦးကို ကိုက်ချင်တယ်တဲ့ ရေးထားပုံလေးက။ ကလေးတွေဖတ်လို့သင့်တော်ပါ့မလား ဘယ်လို အိုင်ဒီယာမျိုးပါလိမ့်။
(၆)
အကုန်ကိုက်စားရမှာ ငါတို့အလုပ်ပါတဲ့ တီကောင်လေးက။
(၇)
နွားကို ခုချက်ချင်းထိလိုက်ပါတဲ့။ ဘာကိုပြောချင်မှန်းကိုနားမလည်တာပါ။
(၈)
ဘာအထာနဲ့ ကလေးစာအုပ်ထဲထည့်ထားတဲ့ အိုင်ဒီယာပါလဲ။
(၉)
တရားမဝင်ဘူးဆိုတာတွေကိုပဲ ရွေးလုပ်ချင်ပါတယ်တဲ့။ဒီစာကို ဖတ်လိုက်ရမဲ့ ကလေးတစ်ဦးအတွက် mental ပိုင်းမှာ အဆင်ပြေပါ့မလား။
(၁၀)
အသက်ကြီးလာလေလေ ကောင်းတာတွေ မရနိုင်တော့လေပါပဲတဲ့။ကလေးဖတ်စာအုပ်ထဲမှာ ဒီလိုစာလေးကိုထည့်ထားတာဟာ အဆင်ပြေမယ်မထင်ပါဘူး။
(၁၁)
အရက်မူးနေတဲ့ကလေးငယ်ဆိုပဲ။ ကလေးတွေဖတ်ရမဲ့စာအုပ်ထဲမှာ ထည့်သင့်တဲ့အကြောင်းအရာတော့မဟုတ်လောက်ဘူးထင်ပါတယ်။
(၁၂)
ထာ၀ရ အိပ်လိုက်ပါဆိုပြီး နှာခေါင်းကိုညှစ်နေပါတယ်။ ဆိုက်ကိုကလေးငယ်များလား။ ကြောက်စရာတောင်ကောင်းနေပါတယ်။
(၁၃)
တစ်ဖက်က ယောက်ျားပါတဲ့ တစ်ဖက်ကတော့ မိန်းကလေးပါတဲ့ ဘာကွာလဲတော့မသိပါဘူး။
(၁၄)
ကလေးလေးက ဝက်ရဲ့ နောက်ဘက်ကို ဖြဲကြည့်နေတာပါ။ဘာကိုဖော်ပြချင်တာလဲ မသိ။
(၁၅)
မေမေ ဥထားတဲ့ ဥလေးတဲ့။ လူသားတွေက ဥမဥဘူးဆိုပေမဲ့ ကလေးဖတ်စရာစာအုပ်ထဲမှာက ဒီလိုရေးထားတာပါ
(၁၆)
တစ်ကမ္ဘာလုံးမှာ အဆိုးသွမ်းဆုံးကောင်လေးတစ်ဦးပါတဲ့။ ကလေးငယ်တွေ အားကျစရာတော့မဟုတ်တာသေချာပါတယ်။
(၁၇)
လူတွေ အီးပေါက်ရင် လေပူဖောင်းလေးတွေ ပလုံစီတက်လာပါတယ်တဲ့။ လူကြီးတောင် ဆိုလိုရင်းကို မနည်းလိုက်စဥ်းစားရမဲ့ပုံပါ။
(၁၈)
သေနေတဲ့ လူနှစ်ယောက်ရဲ့ ခြေထောက်နှစ်ချောင်းကို ရေးဆွဲထားတာလား။
(၁၉)
I need a new bum . ငါ တင်ပါးအသစ်တစ်ခု လိုအပ်နေပါတယ်တဲ့ ဘယ်လို အဓိပ္ပာယ်နဲ့ ကလေးတွေက ဖတ်ရမှာပါလိမ့်။
(၂၀)
ဒီဘက်က ဆင်က တော်တယ်တဲ့ ဒီဘက်ကတစ်ကောင်ကတော့ ငတုံးတဲ့။ဘာကွာပါလိမ့်။
(၂၁)
မေမေရဲ့ပုံပါတဲ့။ ကလေးစာအုပ်ထဲမှာ ထည့်ထားပေးတဲ့ပုံတဲ့နော် ဒီပုံက
(၂၂)
မိသားစုပုံလေးဖြစ်ဟန်တူပါတယ်။ချစ်စရာ အတွေးလေးပါပဲ။
(၂၃)
ဖေဖေနဲ့ မေမေကို အရမ်းအရမ်းချစ်တယ်ဆိုပါလား။
(၂၄)
ရေကန်ထဲကို လှေပေါ်ကနေ ကန်ချလိုက်တဲ့ပုံလေးများလား
(၂၅)
သူဆွဲတာက မြှားပစ်တဲ့ ပစ်မှတ်အဝိုင်းလေးကို ဆွဲတာပေမဲ့ ဖြစ်သွားတာကတော့ စိန်တုံးနဲ့တူနေခဲ့ပါတယ်။
(၂၆)
ပန်းကန်ပြားပေါ်မှာ ဆော်ထည့်လိုက်ပါပြီ။
(၂၇)
ငါတို့ ဝိုင်လိုချင်တယ်တဲ့ ။တစ်ယောက်ယောက် ဝိုင်လို့များ ပြောလိုက်သလားတဲ့။ဘာအထာပါလိမ့်။
(၂၈)
ပန်းချီကားတစ်ချပ် အမြန်ဆွဲနည်း။
Written by – Wai Yan