မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခေါက်တင်ဆက်ပေးဖို့ ယူဆောင်လာတာကတော့ သဘာ၀အတိုင်းဖြစ်ပေါ်လာတဲ့ အနုပညာလက်ရာလေးတွေပဲဖြစ်ပါတယ်။ဒီလက်ရာလေးတွေဟာ နှင်းကျချိန်မှာ ဖြစ်ပေါ်လာခဲ့တဲ့ ပုံလေးတွေဖြစ်ပါတယ်။ တစ်ချို့လက်ရာလေးတွေဆိုရင် လက်နဲ့ ထွင်းထုထားတဲ့ အတိုင်းကိုပဲ သပ်ရပ်သေသပ်လှတာဖြစ်ပါတယ်။ ဒါကြောင့် ပရိတ်သတ်တို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျား။
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
လူပုံသဏ္ဌာန်လေးဖြစ်ပေါ်နေတဲ့ နှင်းခဲလေး။
(၂)
တစ်ညလုံးရပ်ထားတဲ့ ကားတစ်စီးပါကင်ကနေ ထွက်တဲ့အချိန်မှာ ကားဘီးရာကနေ ဖြစ်ပေါ်သွားခဲ့တဲ့ အသည်းလေးနှစ်ခု။
(၃)
လမ်းမီးတိုင်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ နှင်းခဲပုံစံ။
(၄)
မိုးရေခံထားတဲ့ ရေပုံးပေါ်မှာ ဖြစ်ပေါ်နေခဲ့တဲ့ သရဖူပုံစံ ရေခဲတုံး။
(၅)
ဘောက်ဖတ်လိုလို ခူကောင်လိုလိုဖြစ်ပေါ်နေတဲ့ နှင်းခဲလေး
(၆)
အရမ်းအေးလွန်းတာကြောင့် အပင်တွေပါ ခဲကုန်ကြတာဖြစ်ပါတယ်။
(၇)
ပိုင်မုန့်လေးနဲ့ တူနေတဲ့ စားပွဲပေါ်က ရေခဲထုလေး
(၈)
မြက်ခင်းပေါ်မှာ ဖြစ်တည်နေခဲ့တဲ့ ရေခဲဘောလုံးလေးများ။
(၉)
ငှက်လေးတစ်ကောင်နဲ့တူနေတာပါ။
(၁၀)
ညီညီညာညာနဲ့လှပနေတဲ့ ရေခဲပုံစံလေး။
(၁၁)
ကားမှန်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ ရေခဲလေးများ
(၁၂)
မီးလုံးလေးကနေ ရေခဲတုံးလေးသဏ္ဌာန်ပြောင်းလဲသွားခဲ့ပါပြီ
(၁၃)
လှလိုက်တဲ့ နှင်းပွင့်လေးတစ်ခုက ကျွန်တော့်ပုံခုံးပေါ်ကို ကျလာခဲ့ပါတယ်။
(၁၄)
ရေအောက်မှာဖြစ်ပေါ်နေတဲ့ ရေခဲပုံဆောင်ခဲများ။
(၁၅)
မြစ်ရဲ့ ရေမျက်နှာပြင် ကျသွားချိန်မှာ ဖြစ်ပြီးကျန်ရှိနေခဲ့တဲ့ ရေခဲပုံစံလေး။
(၁၆)
အိမ်ရှေ့မြက်ခင်းပေါ်မှာ ကျနေတဲ့ ဆီးနှင်းပြင်ပေါ်ကို မီးထိုးကြည့်လိုက်သောအခါ။
(၁၇)
ဆီးနှင်းတွေထူထပ်လွန်းတာကြောင့် အရည်ပျော်သွားပြီးချိန်မှာတော့ ကားစက်ဖုံးအောက်က အင်ဂျင်ဖွဲ့စည်းထားတဲ့ပုံစံ ပေါ်ပြီးကျန်နေခဲ့တာဖြစ်ပါတယ်။
(၁၈)
ဆွစ်ဇာလန်နိုင်ငံမှာတွေ့ခဲ့ရတဲ့ ရေခဲပုံဆောင်ခဲတစ်ခု။
(၁၉)
ကောဇောတစ်ခုလိပ်သလို လိပ်လို့ရခဲ့တဲ့ ဆီးနှင်းအခဲကြီးတစ်တုံး။
(၂၀)
ခေါင်မိုးပေါ်ကနေ စီးကျနေရင်းနဲ့လမ်းတစ်ဝက်မှာတင် ခဲသွားခဲ့ပြီး မြင်ရတဲ့အခြေအနေဖြစ်ကျန်နေခဲ့တဲ့ နှင်းခဲများ။
(၂၁)
တောင်တစ်တောင်ရဲ့ ပုံစံဖြစ်ကျန်နေခဲ့တဲ့ ရေဘူးထဲက ရေခဲ။
(၂၂)
သစ်တောလေးတစ်ခုပုံစံဖြစ်ပေါ်နေခဲ့တဲ့ ရေခဲပြင်လေး။
(၂၃)
ဆီးနှင်းကျပြီးတော့မိုးရွာလိုက်တဲ့အချိန်မှာ ဖြစ်ပေါ်ပြီးကျန်ရှိနေခဲ့တဲ့ ကားလမ်းပေါ်က ပုံစံလေးများ။
(၂၄)
ဒီခုံပေါ်က နှင်းကျနေပုံလေးဟာ သစ်ပင်လေးတစ်ပင်နဲ့တူနေပါတော့တယ်။
(၂၅)
အုတ်ခဲခင်းထားတဲ့ လမ်းပေါ်မှာ နှင်းကျတဲ့အခါ အုတ်ခဲဘေးဘောင်လေးတွေပေါ်မှာပဲ တင်ကျန်နေခဲ့တာဖြစ်ပါတယ်။
(၂၆)
ဒါလေးကတော့ လူဖန်တီးထားတာနဲ့ ပိုပြီးတူပါတယ်။ ခရစ်စမတ်စ်ဘိုးဘိုးကြီးနဲ့တူမနေဘူးလား ပရိတ်သတ်ကြီး။
(၂၇)
သဘာဝအတိုင်းဖြစ်ပေါ်နေခဲ့တဲ့ နှင်းပုံဆောင်ခဲတစ်ခု။
(၂၈)
\ကြည်ံ့ရတာ လှပမနေဘူးလား ပရိတ်သတ်ကြီးရေ။
Written by Wai Yan