မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ အချိန်တွေကုန်လွန်တာ မြန်လိုက်တာ၊ အချိန်တွေနောက် ပြန်လှည့်လို့ရရင်ကောင်းမှာပဲ ဆိုတဲ့စကားတွေက နေ့စဉ်ဆိုသလို ကြားရလေ့ရှိတဲ့စကားမျိုးတွေဖြစ်ပါတယ်။ ဆင်းရဲတဲ့လူဖြစ်စေ၊ ချမ်းသာတဲ့ လူဖြစ်စေ လူတိုင်းတန်းတူပိုင်ဆိုင်တဲ့ အရာကတော့ အချိန်ဆိုတဲ့ တစ်နေ့ ၂၄နာရီအတိုင်းအတာပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ အချိန်ကို တန်းတူပိုင်ဆိုင်ခွင့်ရှိသလိုပဲ အချိန်ကလည်း ဘယ် သူ့ကိုမှ မျက်နှာမလိုက်တတ်ပါဘူး။ ဒါကြောင့် အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ အချိန်က ဘယ်သူ့ကိုမှ မငဲ့ညှာတတ်ဘူးဆိုတာ သက်သေပြနေတဲ့ ဓာတ်ပုံတွေအကြောင်းပဲ ဖြစ်ပါတယ်။ (ဖော်ပြပါအကြောင်းအရာသည် ရွှေဉာဏ်ရှင်ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါသည်)
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
အနှစ်နှစ်ဆယ်ကွာခြားတဲ့ ဘရပ်ရှ်နှစ်ခုရဲ့ပုံရိပ်
တရားကျမိတဲ့ ပုံရိပ်လေးတစ်ခုဖြစ်ပါတယ်။ ဘယ်အရာမဆို အမြဲသစ်လွင်နေတာတော့ မဟုတ်ပါဘူး။ အဟောင်းတွေနဲ့ နေရာမှာ အသစ်အသစ်တွေ အစားထိုးလာပြီး အဲဒီအသစ်တွေကလည်း တစ်နေ့ကျရင် ဟောင်းသွားရဦးမှာပဲ မဟုတ်ပါလား
(၂)
ဖိနပ်အဟောင်းနဲ့ အသစ်နှိုင်းယှဉ်ချက်
တစ်နှစ်ကြာနေ့တိုင်းဝတ်ပြီးသား ဖိနပ်နဲ့ သေတ္တာထဲက အသစ်ထုတ်တဲ့ဖိနပ်တို့ နှိုင်းယှဉ်လိုက်တဲ့အခါ ဒီလိုရိုက်ပြလိုက်မှ အချိန်ရဲ့သွားနှုန်းကို ပြန်ပြီး သတိပြုလိုက်မိပါတယ်။
(၃)
အမေခြောက်နှစ်ကြာအသုံးပြုခဲ့တဲ့ ဘီးလေး
အမေဖြစ်သူ ခြောက်နှစ်ကြာအသုံးပြုခဲ့တဲ့ ဘီးလေးနဲ့ အသစ်စက်စက်ဘီးလေးတစ်ချောင်း နှိုင်းယှဉ်ပြထားတာပါ။ လူကြီးသူမတွေက အစွဲအလန်းကြီးတတ်လွန်းပြီး သံယောဇဉ်ကြီးသူတွေ ဆိုတာကိုလည်း အချိန်ပြောင်းလဲသွားခြင်းနဲ့ အတူ မြင်တွေ့ရပါတယ်။
(၄)
ဆံပင်ညှပ်သမားတစ်ယောက်ရဲ့ ကြမ်းပြင်
ဆံပင်ညှပ်တဲ့အလုပ်ကို လုပ်ကိုင်သူတစ်ယောက်က အမြဲတမ်းအဲဒီနေရာကို အသုံးပြုပြီး ကုလားထိုင်ကိုလည်း အဲဒီနေရာကနေဘယ်ကိုမှမရွှေ့ပြောင်းလဲ နှစ်ကာလကြာရှည်စွာအလုပ်လုပ်ခဲ့တဲ့ နောက်မှာတော့ ကြမ်းပြင်မှာ သူနေ့စဉ်ရွှေ့လျားတဲ့အတိုင်းပဲ အရာတစ်ခုပေါ်လာခဲ့ပါတော့တယ်။
(၅)
အဖေ့ရဲ့နှစ်သုံးဆယ်ကျော်ကြာအသုံးပြုခဲ့တဲ့ မုတ်ဆိတ်မွေးရိတ်ရင် သုံးတဲ့ဘရပ်ရှ်တစ်ခု
ကြည့်လိုက်ကြပါဦး။ မုတ်ဆိတ်မွှေးကို ဆပ်ပြာစွတ်ပြီးသုံးတဲ့ ဘရပ်ရှ်တစ်ခုကို နှစ်ပေါင်းသုံးဆယ်ကျော်ကြာ အောင်သုံးခဲ့တဲ့လူတစ်ယောက်ရဲ့ ဘရပ်ရှ်နဲ့ အသစ်စက်စက် ဘရပ်ရှ်တစ်ခု။ ဘယ်လောက်များ ကွာခြားချက်တွေ ရှိနေသလဲဆိုတာပါ။
(၆)
ဒီတံမြက်စည်းကို ဒီလောက်ကြာအောင် သုံးခဲ့တယ်ဆိုတာ အခုမှသတိထားမိတဲ့အခိုက်အတံ့
တံမြက်စည်းတစ်ချောင်းကို သံယောဇဉ်ကြီးစွာ သုံးခဲ့တဲ့လူတစ်ယောက်က သူကိုယ်တိုင်သတိထားမိချိန်ကို အတော်လေးကို အံ့သြသွားမိခဲ့တာပဲ ဖြစ်ပါတယ်။
(၇)
အဖေ့ရဲ့ ပစ္စတိုထည့်တဲ့အိတ်အဟောင်းနှင့် အသစ်နှိုင်းယှဉ်ခြင်း
အဖေက လယ်သာနဲ့လုပ်ထားတဲ့ ပစ္စတိုထည့်တဲ့အိတ်အဟောင်းကို နှစ်ပေါင်းကြာရှည်စွာ အသုံးပြုခဲ့ပါတယ်။ ပြီးတော့ အွန်လိုင်းကနေ ပစ္စည်းမှာယူဖို့လည်း သူ့အတွက်ခဲယဉ်းခဲ့ရပြီး တစ်ပုံတည်းတူတဲ့ အိတ်လေးကို ရရှိချိန်မှာတော့ အဖေက ဒီပစ္စည်းလေးနှစ်ခုကို နှိုင်းယှဉ်ပြသဖု့ိအတွက် အရမ်းကိုစိတ်လှုပ်ရှားခဲ့ပါတယ်။
(၈)
တစ်နှစ်ကျော်သုံးပြီး ငါးဖမ်းထွက်ရင် စီးတဲ့ဖိနပ်နဲ့ ဖိနပ်အသစ်စက်စက်လေး
တစ်နှစ်ဆိုတဲ့အချိန်ဟာ ဒီလောက်တောင် ပြောင်းလဲသွားစေတာပါလားလို့ အံ့သြမိခဲ့ပါတယ်။
(၉)
၇နှစ်ကြာအသုံးပြုပြီးနောက် ရော်ဘာဂတ်စကတ်လေး
မိုကာအိုးလေးတွေမှာ ရေနွေးငွေ့တွေ အပြင်ကိုထွက်မသွားစေဖို့ ခုခံထည့်သွင်းပေးရတဲ့ ရော်ဘာနဲ့ လုပ်ထားတဲ့ ဂတ်စ်ကတ်လေးက အချိန်၇နှစ်ကြာတဲ့အခါမှာ ဒီလိုပုံစံလေး ဖြစ်သွားခဲ့ပါတယ်။
(၁၀)
အဖေ့ရဲ့ ဘရပ်ရှ်လေး
ရှေးလူကြီးတွေက သူတို့ရဲ့ ပစ္စည်းလေးတွေကို သိပ်ကိုသံယောဇဉ်ကြီးကြပါတယ်။ တစ်ချို့ကြတော့လည်း ပိုက်ဆံကိုချွေတာတဲ့အနေနဲ့ ပစ္စည်းလေးတွေကို အသစ်မဝယ်ပဲရသလောက် သုံးခဲ့ကြတာမျိုးပါ။
(၁၁)
၁၉၉၅ဇစ်ပိုမီးခြစ်လေးကို အရောင်ပြန်မတင်မီပုံနဲ့ တင်ပြီးပုံကွာခြားချက်
၁၉၉၅ခုနှစ် ဇစ်ပိုမီးခြစ်လေးကို တစ်နေ့မှာတော့ ကော်ပတ်စားပြီး အရောင်ပြန်တင်လိုက်တဲ့အခါ အသစ်အတိုင်း ပြန်လည် လှပသစ်လွင်သွားခဲ့ပါတယ်။
(၁၂)
နယူးယောက် ပြည်သူ့စာကြည့်တိုက်ရှိ ကမ္ဘာလုံးပုံ
အချိန်တွေကြာလာတာနဲ့အမျှ ကမ္ဘာလုံးကလည်း ဟောင်းနွမ်းလာခဲ့ပြီး အပေါက်တစ်ခုတောင် ဖြစ်သွားခဲ့ပါတယ်။
(၁၃)
၂၀၀ဝပြည့်နှစ်အစောပိုင်းက ခလုတ်ဖုန်းများကို လှန်လှောကြည့်ရှုခြင်း
ဒီခလုတ်ဖုန်းတွေက အခုချိန်မှာ လူတွေမသုံးတော့ပေမယ့်လည်း အမြင်ကသာ ဟောင်းနွမ်းနေပြီး လက်တွေ့မှာတော့ အသုံးပြုလို့ ရနေဆဲဖြစ်ပါတယ်။
(၁၄)
အမ်စတာဒမ်မှ Rembrandt အိမ်တော်မှ လှေကားကို မြင်တွေ့ရပုံ
တကယ့်ကို ဂန္တဝင်ဆန်တဲ့ လှေကားတစ်ခု ဖြစ်ပါတယ်။ လှေကားကြမ်းခင်းက အတက်အဆင်းပြုလုပ်ရတာ များလွန်းလို့ လှေကားအလယ်လောက်မှာ ဆေးအရောင်တွေတောင် မရှိတော့တာကိုလည်း မြင်တွေ့နိုင်ပါတယ်။
(၁၅)
မိုးရေစိုပြီး ပြန်ခြောက်သွားတဲ့ စာအုပ်နဲ့ အမျိုးအစားတူတဲ့ စာအုပ်သစ်တစ်အုပ်
မိုးရေစိုတဲ့စာအုပ်က ပြန်ခြောက်သွားတဲ့အခါမှာတော့ သေသေသပ်သပ် ရှိမနေတော့ပဲ ပွယောင်းပြီး အထူကြီး ဖြစ်သွားတော့တာပါပဲ….။
(၁၆)
ရထားကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေတဲ့ နေရာလေး
ရထားဘူတာက ခုံလေးတစ်ခုံပေါ်မှာ လူတွေက ထိုင်ရင်း ရထားအလာကို စောင့်ဆိုင်းကြပါတယ်။ နှစ်ပေါင်း များစွာကြာလာတဲ့ သင်္ကေတကို လူတွေ ခြေထောက်ချထိုင်တဲ့နားက အရာထင်နေတဲ့ နေရာလေးက သက်သေပြနေခဲ့ပါတယ်။
(၁၇)
ကားရပ်နားရာနေရာရဲ့ ထွက်ပေါက်တစ်ခု
ဒီကားရပ်နားရာနေရာရဲ့ ထွက်ပေါက်က လူပေါင်းများစွာ ဘယ်လောက်များ အသုံးပြုခဲ့ရသလဲ ဆိုလို့ရှိရင် လှေကားတွေနဲ့ တံခါးနားက အရာတွေကို ကြည့်ရင်သိနိုင်မှာပဲ ဖြစ်ပါတယ်။
(၁၈)
၇လခန့်အသုံးပြုပြီးသား ဘရပ်ရှ်တစ်ခုနဲ့ အသစ်စက်စက် ဘရပ်ရှ်တစ်ခု … ဘယ်ပစ္စည်းမဆို အချိန်ကာလတစ်ခုကြာသွားတဲ့အခါ ဟောင်းသွားကြတာ ဓမ္မတာပါပဲ။
(၁၉)
ဘဏ်တစ်ခုရဲ့ ကြမ်းပြင်ဖြစ်ပြီး ကြမ်းပြင်ပေါ်က ချိုင့်ခွက်တွေကတော့
နှစ်ပေါင်းများစွာ လူတွေ မတ်တပ်ရပ်ခဲ့တာကြောင့် ဖြစ်နေတာပါ။
(၂၀)
တိုင်လုံးကြီးမှာ သံကြိုးကို ပတ်ထားလေ့ရှိတယ်ဆိုတာကို
သံချေးတက်နေတဲ့ အရာက သက်သေပါပဲ (Shwe Nyan Shin)
(၂၁)
အမွှေးခါ ဘရပ်ရှ်အသစ်နဲ့ အသုံးပြုတာကြာပြီဖြစ်တဲ့
ဘရပ်ရှ်အဟောင်းတို့ရဲ့ကွာခြားချက်
(၂၂)
တံခါးက နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သလို ဆေးတွေလည်း
အထပ်ထပ်အခါခါ သုတ်ထားမှန်း ခန့်မှန်းနိုင်ပါတယ်။ (Shwe Nyan Shin)
(၂၃)
နံရံပေါ်မှာ ကပ်ထားတဲ့ အနည်းဆုံးဆယ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်တာမလို့
ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့ ကြော်ညာစာရွက်များ
(၂၄)
ရေအောက်ထဲမှာ ပျောက်ကွယ်သွားတာ နှစ်ပေါင်းအတော်ကြာပြီးမှ
ပြန်လည်ရှာတွေ့ခဲ့တဲ့ ရှေးဟောင်းရုပ်တုကြီးများ …. (Shwe Nyan Shin)
(၂၅)
၁၇၉၇ခုနှစ်ထုတ် အကြွေစေ့…အတော်လေးကို ကြာမြင့်နေပြီဖြစ်ပေမယ့်
လက်ရာပုံစံမပျက်တာတော့ အတော်လေး အံ့သြစရာပါပဲ။
(၂၆)
သတ္ထုဆားရည် အသုံးပြုနေတဲ့ အပန်းဖြေ Spa တစ်ခုရဲ့ ရေပိုက်က
အချိန် ၆လ လောက်အကြာမှာတော့ ပုံထဲက အတိုင်းဖြစ်သွားခဲ့တာပါ။
(၂၇)
ဘယ်လောက်ပဲ ငယ်ရွယ်နုပျိုတဲ့ လက်တစ်စုံကို ပိုင်ဆိုင်ခဲ့ဖူးပေမယ့်လည်း
လူတိုင်းတစ်ချိန်မှာ အခုလိုမျိုး အရေပြားတွံ့ရှုံ့နေတဲ့ လက်တစ်စုံကို ပိုင်ဆိုင်ရအုံးမှာပါပဲ။
(၂၈)
နှစ်ပေါင်းမြောက်များစွာကြာမြင့်နေပြီဖြစ်တဲ့ ယူနီယမ်ရထားဘူတာရှိ ထိုင်ခုံတန်းလေးပါ။
မသိရင် သရဲကားတွေကထဲက ခုံတန်းလေးလိုလို…
(၂၉)
တရုတ်ပြည်က မဟာတံတိုင်းကြီးမှာရှိတဲ့
လှေကားတစ်ခု…
(၃၀)
အချိန်အတိုင်းအတာ တစ်ခုထိ ကြာမြင့်ပြီးတဲ့ နောက်မှာတော့
စက်ဘီးခြေနင်းက အုတ်နံရံလိုမာကျောတဲ့အရာကိုတောင် ပုံစံ ပျက်သွားစေနိုင်ပါတယ်။
အခုဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံမျိုးလို ရွှေဉာဏ်ရှင်ပရိသတ်ကြီးမှာရော ရိုက်ထားမိတဲ့ ဓာတ်ပုံလေးတွေ ရှိပါသလား။ ရှိခဲ့ရင်လည်း အားလုံးကြည့်ရှုနိုင်အောင် ဝေမျှပေးခဲ့ပါဦးနော်။ အားလုံးပဲ စိတ်ချမ်းသာတဲ့နေ့သစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေ။
Written by El Ni(Shwe Nyan Shin)
Ref; Brightside