ပရိသတ်ကြီးရေ..
အောင်မြင်မှုတွေများစွာရရှိထားတဲ့
သရုပ်ဆောင်မင်းသားချောအလင်းရောင်ကတော့
ဖေဖော်ဝါရီလ တစ်ရက်နေ့က တည်း က စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပါဝင်ခဲ့သူပဲ ဖြစ်ပါတယ်..။

တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တဲ့ အလင်းရောင်ကတော့
လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်လုပ်ဆောင်ခဲ့တဲ့အပြင်

ကျဆုံးသွားကြ တဲ့ သူရဲကောင်းတွေအတွက် လှူဒါန်းမှုတွေကိုလည်း
သူငယ်ချင်းတွေနဲ့အတူ ပြုလုပ်နေတာလည်း တွေ့ရပါတယ်..။

၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲမှာ
အလင်းရောင်ကလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး
ဖြိုခွင်းမှုတွေရှိနေတဲ့ ကြား က သွေးအေးမသွားဘဲ
တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေတာသူလည်း ဖြစ်ပါတယ်..။

အလင်းရောင်ကတော့ လက်ရှိအခြေအနေတွေမှာ
အမှုဖွင့်အရေးယူခြင်းခံထားရပေမယ့်လည်း အားလုံးနဲ့အတူ
အနာဂတ်တွေအတွက် အ တတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေပြီး
ပြည်သူတွေအတွက်အားပေးစကားတွေလည်း ပြောလာတာ တွေ့ရပါတယ်..။

“ရှုံးမှာသိနေတဲ့ သူတို့တောင်
နောက်မဆုတ်သေးတာ …
နိုင်မှာသိနေတဲ့ ငါတို့တွေက
နောက်ဆုတ်စရာလား …..

Fighting..” ဆိုပြီး အလင်းရောင်က ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။
အခက်အခဲတွေကြားက သွေးမအေးသွားဘဲ
ရဲရင့်စွာလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ မင်းသားချောအလင်းရောင်ရဲ့ .
ခိုင်မာပြတ်သားတဲ့ စိတ်ထားတွေနဲ့
လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ပရိသတ်တွေအားလုံးက သဘောကျနေကြတာ ဖြစ်ပါတယ်..။
Credit