အခုချိန်မှာတော့ ပြည်သူတွေက သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို
နည်းလမ်းမျိုးစုံနဲ့ ဖော်ထုတ်ပြသနေကြတာ ဖြစ်ပါတယ် ။
လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ဆုံးရှုံးသွားတဲ့သူတွေလည်း ရှိလာခဲ့ပြီဖြစ်တာကြောင့်
ပြည်သူတွေက တစ်ဦးကိုတစ်ဦး ကူညီကာကွယ်ပေးနေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ (၇)ရက်နေ့ကလည်း
ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ
လူစုခွဲဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့်
ပြည်သူတစ်ချို့ အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။

ကျဆုံးသွားတဲ့ ပြည်သူတွေထဲကတစ်ယောက်ဖြစ်တဲ့
ကိုနိုင်လင်းဦးကလည်း ကလေးမြို့အတွက်
တာဝန်ကျေပွန်ခဲ့သူ ဖြစ်ပါတယ် ။
ကိုနိုင်လင်းဦးက ကိုယ့်မြို့လေးမှာရှိတဲ့
ပြည်သူတွေကိုကာကွယ်ဖို့အတွက်
အသက်နဲ့ရင်းကာ ပါဝင်လှုပ်ရှားခဲ့ပေမယ့်လည်း
စောစီးစွာ ကြွေလွင့်သွားခဲ့ရတာ ဖြစ်ပါတယ် ။
တစ်ဦးတည်းသော သားလေးဖြစ်တဲ့ ကိုနိုင်လင်းဦးရဲ့
နာရေးသတင်းကတော့ ပြည်သူတွေကိုပါ
ဝမ်းနည်းကြေကွဲစေခဲ့တာ ဖြစ်ပါတယ် ။

သူရဲကောင်းလေး ကိုနိုင်လင်းဦးရဲ့စျာပနပွဲကို တက်ရောက်ခဲ့တဲ့ ပြည်သူတစ်ဦးကတော့
သူ့အတွက် အရမ်းစိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ် ။
ဒါကြောင့် “လူမသိသူမသိ အာဇာနည်လေးရဲ့နောက်ဆုံးခရီး လိုက်ပါနှုတ်ဆက်ပို့ဆောင်သူ နည်းပါးမှာကို
မသိနိုင်ရှာတော့တဲ့ ညီလေးနိုင်လင်းဦး အတွက် မျက်နှာပူနေမိပါတယ်။ ” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ် ။
ဒါပေမဲ့လည်း ကိုနိုင်လင်းဦးရဲ့နောက်ဆုံးခရီးမှာ
သူတို့ရွာက ရွာသူရွာသားတွေသာမက တစ်ခြားနေရာက
ပြည်သူတွေကပါ ရောက်လာပြီး အလေးပြုနှုတ်ဆက်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Photo Credit: Original Uploder