အသံဖိုင်ကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်
ပရိသတ်ကြီးရေ ဧပြီ (၂) ရက်နေ့က အဆိုတော် KEY, ဆိုဖီယာ တို့နှစ်ယောက် သီဆိုထားတဲ့ နိုင်ကို နိုင်ရမည် သီချင်းထွက်ရှိခဲ့ပါတယ်နော်။
အခုလက်ရှိ အနုပညာရှင်တွေကို ဝရမ်းထုတ်ပြီး ဖမ်းနေတာကြောင့် ဆိုဖီယာမှ
ဒီသီချင်းတွင် သူမနာမည်မတပ်ဖို့ ထုတ်လုပ်သူကို ပြောရာမှ မိသားစုတွေပါ ပါလာပြီး စကားများကြတာပါနော်။
ထုတ်လုပ်သူရဲ့အကောင့်တွင် ss တွေနဲ့ တကွ သေချာရှင်းပြထားပါ။
” ကျွန်မ ပန်းအိ ပါ 😃
တိုင်းပြည်ပျက်နေပါတယ် ဆို ဇွတ်တောင်းပန် ခိုင်းနေလို့ ဆော်တီး လာပြောတာ
ဘာကိုဆော်တီးလာပြောခိုင်းလို့ ကျမ နဲ့ အလုပ်တူတူလုပ်တဲ့ သူကို ပေးစား လို့
အောက်တန်းကျလိုက်တာလို့ ပြောမိတာ အဲ့တာကို ဆော်တီးပြောပေးတဲ့
ဒီကိစ္စ ရဲ့ အစက ဘာလဲဆိုတော့
ကျမ နဲ့ အလုပ်တူတူလုပ်တဲ့ တယောက်က သူ လက်ဆောင်ရထားတဲ့ Kpop signed album တွေကို ရောင်း ပြီး
စစ်ဘေးရှောင် စီအာပီအိတ် ကို လှူချင် တယ် ပြောတော့ ဟဲ့ သီချင်းဆိုတာတတ်တာပဲ သီချင်းဆိုရောင်းလေ ရတာလှူပေါ့ ပြောလိုက်တာ လိုတာပေးမယ်လေ ပေါ့ အဲ့မှာစပါတယ် ကိစ္စက
အစက သိထားတာ သူတစ်ယောက်တည်းဆိုမယ်ပေါ့
နောက်မှ တခြားသူတွေပါလာပါတယ် အော်ကောင်းတယ် ဆိုကြပေါ့ သီချင်းရလာပါတယ် လိုင်းတွေ ဖျက်မယ်ဘာညာ ကြေညာတော့ လိုင်းရတုန်းတင်စေချင်တယ်ပေါ့ ကိုယ်က
ဟုတ်တယ်လေ ဆိုထားတဲ့ သီချင်းက နျိုငျငံရေး သီချင်းလေ အမြန်ထုတ်ရမှာပေါ့
နောက်ကျမှ ထုတ်မလားမေးပါတယ်
မထုတ်သင့်ဘူး လိုင်းရတုန်း ထုတ်သင့်တယ် ပြောလိုက်ပါတယ်
နာမည် မထည့်ချင်ဘူးလို့ ပြောပါတယ် အိုကေ မထည့်နဲ့ ပေါ့
တင်မယ့်နေ့ ထည့်မယ်ပြောပါတယ် အိုကေ ထည့်ပေါ့
၂ ဖက် လုံးမှာသီချင်းတင်ပါတယ် အလှူကောက်ပါတယ်
အဲ့နေ့ ည ၈ နာရီလောက်မှာ သီချင်း တူတူဆိုတဲ့ တောင်းပန် ခိုင်းတဲ့တယောက် အမေက ဖုန်းဆက်လာပါတယ်
ကောင်းကောင်းမွန်မွန် ပြောပါတယ် ဒါပေမယ့်ပြောတဲ့စကားက Gen L စကားဖြစ်နေတဲ့ အတွက် စိတ်မရှည်ပါဘူးသီချင်းလုပ်တာ မိုက်ရူးရဲဆန်တယ် ဘာညာ အစရှိတဲ့ Gen L စကားတွေပါ အဲ့တော့ ကျမ က မဖျက်ပေး နိုင်ဘူးပြောလိုက်ပါတယ် အဲ့စကားမပြောခင်မှာ သီချင်းရေးတဲ့ သူကို မေးပါတယ် ဖျက် စေချင်လား ဆိုတာ မဖျက်ဘူးဆိုတဲ့ အတွက် မဖျက်ပါဘူး
နောက်တချက် မဖျက်ပေးနိုင်တဲ့ အကြောင်းရင်းက ဒီသီချင်း က တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေ အတွက် ခွန်အားပေးတဲ့ သီချင်းပါ တင်ပြီးမှ ဖျက်ရင် လူတွေအတွက် ကြောက်စိတ်တခု ထပ်ဖြစ်နိုင်ပါတယ် တွန်းအား မဖြစ်စေပဲအဲ့အတွက်ကြောင့်မဖျက်ပေးနိုင်ပါဘူး
တဆက်ထဲမှာပဲတောင်းပန်ခိုင်းတဲ့ တယောက်က ဒေါသသံနဲ့ ၅ မိနစ် အတွင်း သီချင်း ဖျက်ပေးဖို့ပြောပါတယ်
အဲ့တာကြောင့် ဘာလဲ ကြောက်လို့လား လို့ ထေ့မိလိုက်ပါတယ် 😬
ခဏအကြာမှာ သူ့အစ်ကို ဖုန်းထပ်ဆက်ပါတယ် ထပ်ပြီး Gen L စကားတွေ ထပ်ပြောပါတယ် စိတ်မရှည်တော့သလိုစိတ်လည်းမကြည့်တော့ပါဘူး
တောင်းပန်ခိုင်းတဲ့ တယောက် ကျမ ဆီ မက်စိ ပို့ပါတယ်
သူ့ နာမည်ဖျက်ပေးဖို့ပါ … ဖျက်ပေးလိုက်ပါတယ်
ဖျက်ပေးမယ်ပြောတဲ့ချိန် ကိုယ်က ပြောမိလိုက်ပါတယ် ကျမ ကို ထပ်အာရုံလာမနောက်ဖို့ ထပ်လာနောက်ရင် ဒီကိစ္စကို ငြိမ်မနေတော့ဘူးဆိုတာကိုပါ 😂
အဲ့မှာတင် ကျမ ကို ကျမ company က အဆိုတော်နဲ့ ပေးစား ပြောဆိုပါတယ် .. အဲ့မှာ ကျမ က ပြောမိလိုက်ပါတယ်ရိုင်းစိုင်းပြီး အောက်တန်းကျလိုက်တာလို့
ဟုတ်တယ်လေ အလုပ်တူတူလုပ်နေတဲ့သူတွေကို ပေးစားတာကိုး ကိုယ့်မဟုတ်နေတဲ့ ကိစ္စ စော်ကား မော်ကားပြောတာကို သည်းမခံနိုင်လို့ပါ
အဲ့တာကို ပိုစ့်တွေမှာမန့်ပါ တယ် သူက နိုင်ငံရေးမို့ ပါဝင်သီဆိုတာ ကျမ တို့ လုပ်တာမဟုတ်လို့ ပါတာပါ တေးရေးကြောင့် ဆိုတာပါဘာညာ ပေါ့
ပန်းနုသွေးမဆန်ပါနဲ့ နိုင်ငံရေး ကြောင့်ပါပါ တေးရေး ကြောင့်ပါပါ ကျမ ကို သီချင်းလာမဖျက်ခိုင်းရင် ဒီပြဿနာ ဖြစ်လာစရာကိုမလိုတာပါ 😬 သူစကားနဲ့ သူကို တိုင်ပတ်နေတာပဲ 😬
ပြီးတော့ သီချင်းလုပ်မယ်ဆိုလို့ လိုတဲ့ ကုန်ကျစရိတ် ပေးတာ ပါ ထုတ်ပေးတယ်ဆိုတာကလည်း ပြန်မယူပါဘူး လှူပေးလိုက်တာပါ အဲ့တာကို တေးရေး ကိုယ်တိုင်လည်း သိပါတယ် 😂
ထပ်ပြောချင်တာက သေသွားတဲ့သူတွေကိုအားနာပါ ဟန်ဆောင် ပရဟိတ ရယ်ကြောင့်ဟန်ဆောင် နိုင်ငံရေး မလုပ်ကြပါနဲ့ ဖမ်းခံရမှာကြောက်လို့ မိဘ စိတ်ပူလို့ အကြောင်းပြချက်တွေနဲ့ လာမပြောပါနဲ့ဖမ်းခံရမှာ လူတိုင်းကြောက်ပါတယ် လူတိုင်းမှာမိသားစုရှိပါတယ်
P.S ရိုင်းလိုက်တာအောက်တန်းကျလိုက်တာကလွဲ ဘာမှမပြောလိုက်ပါဘူး သူကတော့ ဖေတွေစုံနေအောင် လာဆဲသွားပါတယ်ရှင့်
SS နဲ့ Recording File လိုချင်ရင် ပို့ပေးပါမယ် ပြီးတော့ နင်နေတဲ့ နေရာ ငါသိတယ် သတင်းပေးပြီးဖမ်းခိုင်းမယ်ပါပြောသွားတာက အသက် 😂 ” လို့ ရေးထားတာပါ ပရိသတ်ကြီးရေ…