ပြီးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းကတည်းက ပြည်သူတွေပြုလုပ်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ
အနုပညာရှင်တွေများစွာကလည်း လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြသလို
သရုပ်ဆောင်ရဲတိုက်နဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့က လည်း
ပြည်သူတွေအားလုံးနဲ့ထပ်တူ ရပ်တည်ခဲ့ကြပါတယ်..။
ဖြိုခွင်းမှုတွေနဲ့ အခက်အခဲတွေရှိနေတဲ့ကြားက လှုပ်ရှားမှုတွေကို ရဲရင့်တက်ကြွစွာပြုလုပ်ခဲ့ကြတဲ့
အနုပညာရှင်တွေတော်တော်များများ က လည်း ၅၀၅-က ဖြင့်
အရေးယူခြင်းခံထားကြရပြီး ရဲတိုက်ကလည်း တစ်ဦးအပါအဝင်ဖြစ်ကာ
လက်ရှိမှာတော့ ဖမ်းဆီးခံထားရတာ ဖြစ်ပါ တယ်..။
လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရှေ့တန်းကနေတက်တက်ကြွကြွနဲ့ ပါဝင်ခဲ့ပြီး
ဧပြီလအစပိုင်းကတည်းက ဖမ်းဆီးအရေးယူခြင်းခံထားရတဲ့ သူငယ်ချင်းရဲတိုက်ကို
သတိတရနဲ့ အိပ်မက်မက်တဲ့အကြောင်း နှိုင်းယှဉ်က
သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝမ်းနည်းစွာ ပြောပြ လာပါ တယ်..။
တီရှပ်အနီနဲ့အိမ်ပေါ်တက်လာလို့ တံခါးဖွင့်ဖွက်ထားပေးမိတယ်ဆိုပြီး
သူငယ်ချင်းဖြစ်သူ ရဲတိုက်ကိုအိပ်မက်မက်တာတွေကို
စိတ်မကောင်း စွာပြောပြထားကာ
အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့ကိုလည်း
ဆုတောင်းပေးထားပါသေးတယ်..။
“ညက ရဲတိုက်ကိုအိပ်မက်မက်တယ်
တီရှပ်အနီနဲ့ အိမ်ပေါ်တက်လာလို့
တံခါးဖွင့်ပေးပီး ဖွက်ထားပေးမိတယ်
အမြန်လွတ်ပါစေ သူငယ်ချင်းရယ်..”
ဆိုပြီး နှိုင်းယှဉ်က သူမရ့အိပ်မက်အကြောင်း
ပြောပြထားတာ ဖြစ်ပါတယ်..။
ပရိသတ်တွေအားလုံးက နှိုင်းယှဉ်ရဲ့အိပ်မက်နဲ့အတူ
ရဲတိုက်အတွက် စိတ်မကောင်းဖြစ်နေကြပြီး
နေကောင်းကျန်းမာစွာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက်
ဆုတောင်းစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။
သတင်းအရင်းမြစ်: Nhying Shin’s Fb Acc