ထက်ထက်မိုးဦး လိုက်ဖ်လွှင့်ရောင်းနေတဲ့ ရတနာပစ္စည်းတွေ သိန်းရာချီအားပေးပြီး နောက်ဆိုရတနာတွေပဲ စုတော့မယ်လို့ ပြောလာတဲ့ နေခြည်ဦး

နေခြည်ဦးဆိုတာ အနုပညာနဲ့ပတ်သက်ရင် လောဘတအားကြီးပြီး အရမ်းကြိုးစားတဲ့သူတစ်ယောက်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။

နာမည်ကြီး ဗြူးတီး ဘလော့ဂါ၊ ခေတ်ရှေ့ပြေးလွန်းတဲ့ ဖက်ရှင်တွေကို အမီ လိုက်နိုင်သူ၊ မင်းသမီးလည်းလုပ်နေတဲ့ နေခြည်ဦးဟာ သူ့ပရိသတ်တွေနဲ့ဆိုရင် မာနလုံးဝမကြီးတတ်ပဲ ပွင့်ပွင့် လင်းလင်း ဆက်ဆံတတ်လို့ အားလုံးက ချစ်ရတဲ့သူလေးလည်း ဖြစ်ပါတယ်။


အခုချိန်မှာတော့ ချီချီတစ်ယောက် အရင်လိုသိန်းဆယ်ချီ၊ ရာချီအိတ်တွေဝယ်မစုတော့ပဲနဲ့ လက်ဝတ်ရ တနာတွေပဲ ဝယ်စုတော့မယ်လို့ဆိုလာပါတယ်။

မကြာသေးခင်က မင်းသမီးထက်ထက်မိုးဦးလိုက်ဖ်လွှင့်ရောင်းချ နေတဲ့ Ruby Jewellery ဆိုင်ကနေ သိန်းရာကျော်ဖိုးလက်ဝတ်လက်စားတွေ အားပေးခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုက်ဖ်လေးမှာ ချီချီကရောက်လာခဲ့ပြီး မင်းသမီးထက်ထက်မိုးဦးကို ချစ်လို့အားပေးတာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ချက်ချင်းဆိုသလို မထက်ကလည်း သိန်းထောင်ချီရောင်းနေရတာထက် ချီချီက မထက်ကို အားပေးလို့ ပိုဝမ်းသာမိပါတယ်ဆိုပြီး မျက်ရည်လည်ကာ ပြန်ပြောခဲ့ပါတယ်။


ပရိသတ်တွေကလည်း အဲဒီလိုက်ဖ်ရဲ့ကောမန့်တွေထဲမှာ ချီချီနဲ့လိုက်ဖက်တဲ့ရတနာပုံစံဖြစ်လို့ အားပေး ကြကြောင်း ပြောပြီး ဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်။

ချီချီကလည်း သူအရင်ကရတနာပစ္စည်းတွေထက် နာမည်ကြီး ဘရန်းဒက်အိတ်တွေကိုကြိုက်နှစ်သက်ပြီး ဝယ်စုခဲ့ပြီး အခုချိန်မှာတော့ မထက်ပြောသလို ရတနာ ရှိရာ ရတနာလာဖို့အတွက် နောက်ဆိုရတနာပစ္စည်းတွေပဲ ဝယ်စုတော့မယ်ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက် နှာကနေ အခုလို တရားဝင်အသိပေးပြောကြားလိုက်ပါတယ်။


“နေခြည်ဦး ပိုက်ဆံအိတ်တွေ မကြိုက်တော့ဘူး၊ လက်ဝတ်ရတနာဘဲ ဝယ်စုတော့မယ်၊ မထက်ပြောသလို ရတနာရှိရာ ရတနာလာပါစေ” ဆိုပြီး သူမဝယ်ယူခဲ့တဲ့ လက်ဝတ်ရတနာပုံလေးတွေနဲ့ အတူ တွဲတင်ထားခဲ့ပါ တယ်။


နေခြည်ဦးကတော့အခုချိန်မှာ အခါအားလျော်စွာ သူမရဲ့ Beauty by Nay Chi ပေ့ချ်ကနေ အလှအပဆိုင်ရာ ဗီဒီယိုလေးတွေကို တင်ဆက်ပေးနေပြီး သူမရဲ့မိခင်ဖြစ်သူနဲ့လည်း ဗီဒီယိုလေးတွေတင်ပေးလေ့ရှိပြီး ပရိသတ် တွေက သူမရဲ့ ပွင့်လင်းတဲ့ ပြောဟန်လေးတွေကို ချစ်နေကြတာပဲဖြစ်ပါတယ်။

  နဲ့