ပရိသတ်တွေကို မျက်ရည်ကျအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အထိဖြစ်ရတဲ့ ဒိန်းဒေါင်ရဲ့ အလှူများ

ဆယ်လီဂုရု ပရိသတ်များအားလုံး မင်္ဂလာပါ။ ဆယ်လီတွေရဲ့ နောက်ဆုံးရသတင်းတွေကို ပြည့်ပြည့်စုံစုံ တင် ဆက်ပေးသွားမယ့် Cele Guru Page မှ ကြိုဆိုလိုက်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်း အရာလေး ကတော့ ဟာသလူရွှင်တော် ဒိန်းဒေါင်ရဲ့ ချွန်တွန်းပရဟိတအဖွဲ့လေးအကြောင်းဖြစ်ပါတယ်။ ဒိန်းဒေါင်လို့ ဆိုလိုက်တာနဲ့ ကလေးရော လူကြီးရော အသည်းစွဲချစ်ကြတဲ့ ပျက်လုံးတွေကို လက်တန်းထပျက်နိုင်တဲ့ သူ၊ လူရွှင်တော်အချင်းချင်းကိုလည်း အမြဲ စနောက်ပြီးချွန်တွန်းလုပ်တတ်သူ၊ ဟာသဇာတ်ရုပ်တွေကိုလည်း အမြဲ လိုက်ဖက်ညီစွာ သရုပ်ဆောင်တတ်သူတစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးသိကြတာပဲဖြစ်ပါတယ်။


ဒီနေ့မနက်မှာလည်း ဟာသသရုပ်ဆောင် ဒိန်းဒေါင်တစ်ယောက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မွန်မြတ်တဲ့အလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သူရေးသားထားတာကတော့ “ရန်ကုန်မြို့တွင်ရှိသော ကျွန်တော် ပိုင်ဆိုင်သည့်တိုက်ခန်းများတွင် ငှားရမ်းနေထိုင်သူများသို့ ….ယခုကိုဗစ်ကာလအခြေနေများတွင် စီးပွားရေး အခြေနေများကျဆင်းနေသောကြောင့် စားဝတ်နေရေးအခက်ခဲများကိုသိရှိညှာတာသောအားဖြင့် ကျွန်တော် ဒိန်းဒေါင်(ခ)တင်ဌေးမှ နှစ်ဖက်သောမိဘများအားအမှုးထား၍ ကျွန်တော်၏ မိခင်ဒေါ်တင်ထွေးမွေးနေ့ အထိမ်းအမှတ် မိသားစုအလှုအဖြစ် မနက်ဖြန်(10.10.2020) စနေနေ့ မှစ၍ ကိုဗစ်ကာလပီးဆုံးသည် ထိတိုင်အောင် တိုက်ခန်းငှားရမ်းခ အခကြေးငွေ တစ်ပြားတစ်ချပ်မှပေးရန်မလိုတော့ပဲ မေတ္တာစေတနာဖြင့်သာ အခမဲ့နေထိုင်ခွင့်ပေးလိုက်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျ” ဆိုပြီး အသိပေးထားခဲ့တာပဲ ဖြစ် ပါတယ်။

ဒါ့အပြင်ဒိန်းဒေါင်ဟာ သက်ကြီးလူရွှင်တော်တွေအရေးအတွက်သော်လည်းကောင်း၊ လူရွှင်တော်တွေ ရဲ့စားဝတ်နေရေးအခက်အခဲတွေ တွက်သော်လည်းကောင်းအမြဲပဲ ကူညီပေးလေ့ ရှိပြီး အခုအခါမှာလည်း သူ့ရဲ့ချွန်တွန်းပရဟိတအဖွဲ့ နဲ့ အတူ ကိုဗစ်ကာလမှာ စားဝတ်နေရေးမပြေလည်ပဲ ခက်ခဲနေတဲ့ ပြည်သူတွေ ဆီကို တစ်နိုင်တစ်ပိုင်လှူ တန်းမှု တွေကို အင်တိုက်အားတိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။


အခုနောက်ပိုင်းသူလှူတန်းခဲ့တဲ့ အလှူတွေနဲ့ပတ်သက်ပြီး ဒိန်းဒေါင်ရဲ့ ချွန်တွန်းပရဟိအဖွဲ့လေးကို ဝိုင်းဝန်းပြီး အလှူငွေထည့်ဝင်ပေးတဲ့ ခုနစ်ရက်သားသမီးအလှူရှင်တွေ ဝမ်းသာပီတိဖြစ်ရအောင် လိုက်ဖ်လွှင့်ပေးတာမျိုး လေးတွေပြုလုပ်ခဲ့ပါတယ်။ ဒီလိုလိုက်ဖ်လွှင့်တဲ့အခါမှာလည်း တတ်နိုင်သမျှ အလှူခံသူတွေရဲ့ ရုပ်မပေါ်အောင် ရိုက်ပေးတာမျိုးတွေနဲ့ လူသားချင်းစာနာထောက်ထားမှုကို ပြခဲ့တဲ့ ဒိန်းဒေါင်ကြောင့် ပရိသတ်များရဲ့ ချီးကျူလေး စားခြင်းကိုလည်း ခံနေရပါပြီ။ ဒိန်းဒေါင်လှူတန်းခဲ့တဲ့အလှူ လိုက်ဖ်လေးတွေမှာ တကယ့်ကို ဆင်းရဲနွမ်းပါးလွန်း လှတဲ့ လိုအပ်နေတဲ့နေရာတွေကို တိုက်ရိုက်ရောက်စေတာမို့ တစ်ချို့လိုက်ဖ်တွေမှာဆိုရင် ကြည့်ရှုနေတဲ့ပရိ သတ်တွေကိုပါ မျက်ရည်ကျစေတာပဲဖြစ်ပါတယ်။


ဒိန်းဒေါင်ကလည်း နဂိုကတည်းက သူတစ်ပါးကိုအပျော်လေးဖြစ်သွားအောင် စတတ်၊ အားပေးတတ်တဲ့သူမို့လို့ သူက ကူညီပေးပြီး စိတ်သက်သာရာရစေမယ့် စကားလေးတွေကို ရှာကြံပြောတဲ့အခါ အလှူငွေရလို့ ဝမ်းသာ ဝမ်းနည်းဖြစ်ပြီး ငိုနေတဲ့ အလှူခံပုဂ္ဂိုလ်တွေဟာ မျက်ရည်တွေကြားထဲက ရယ်မောပျော်ရွှင်သွားကြတာတွေက လည်း လိုက်ဖ်ကြည့်နေတဲ့ ပရိသတ်ကို ဝမ်းသာပီတိဖြစ်စေသလို ဒိန်းဒေါင်လိုမျိုးလှူတန်းစေချင်တဲ့ စိတ်တွေ လည်း ဖြစ်ပေါ်စေတာဖြစ်ပါတယ်။


ဟာသလူရွှင်တော်ဒိန်းဒေါင်ဟာ အလှူအတန်းများ အမြဲလုပ်နေခဲ့တဲ့လူဖြစ်ပြီး မကြာသေးခင်ကလှူတန်းခဲ့တဲ့ “မြောင်းအောက်က ပါ..သနားစရာဘဝလေးတွေပါ ကားပေါ်ရောက်တော့ ကျွန်တော်ငိုမိတယ်” ဆိုတဲ့အလှူ လေးတစ်ခုကြောင်း တင်ထားတဲ့လိုက်ဖ် အောက်မှာဆိုရင်လည်း ဒိန်းဒေါင်နဲ့အတူဝိုင်းပြီး ငိုနေကြတဲ့ ပရိသတ်တွေ အများကြီးလည်းရှိခဲ့ပါတယ်။ ဒိန်းဒေါင်ဟာ ဒီမိသားစုလေးကို နေစရာတစ်နေရာအမြန်ဆုံးရအောင်ကူညီပေးမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။ ကလေးတွေကို တောင်းမစားခိုင်းတော့ဖို့နဲ့ အခုဗိုက်ဆာနေရင် ထမင်းကြော်စားမလား၊ ဒံပေါက်စားမလား ဘာစားချင်လဲ၊ ချက်ချင်းလုပ်ပေးမယ်ဆိုပြီးပြောခဲ့ရာမှာတော့ အဲဒီမိသားစုက ဝမ်းနည်းလွန်းပြီး ငိုခဲ့တာပဲဖြစ်ပါတယ်။

ဟာသသရုပ်ဆောင် ဒိန်းဒေါင်တစ်ယောက်ကတော့ အခုချိန်မှာလည်းအလှူတန်းတွေ ဆက်တိုက်လုပ်ဆောင် နေပြီး ခုနစ်ရက်သားသမီးတွေထည့်ဝင်တဲ့ အလှူတွေကိုလည်း တကယ့်ကို လိုအပ်နေတဲ့ အလှူခံပုဂ္ဂိုလ်တွေ လက်ထဲရောက်အောင် လှူတန်းမှုတွေကိုဆက်လက်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ “ရန်ကုန်တိုက်ပွဲအတွက်ပါဝင်အားဖြည့် တိုက်ပွဲဝင်နေကြသည့်အခြေခံလူတန်းစား မိသားစုများအတွက် တိုက်ပွဲမှာတောင့်ခံနိုင်အောင် နိုင်သည့်ဘက်ကနေ ရိက္ခာများ ထပ်ဆင့်အားဖြည့်ပေးကြသည့် အလှူရှင်များ၏စေတနာကို ဒိန်းဒေါင်ဦးဆောင်သော ချွန်တွန်း (ပရဟိတ အဖွဲ့) မှ မိမိ အသက်ကို ပဓာန မထားဘဲ တတ်နိုင်သည့်ဘက်ကပါဝင်ပြီး ရန်ကုန်အတွက် ယနေ့ တပ်ကူအင် အား ဖြည့်ဆည်း ပေးခဲ့သည်ပေါ့ဗျာ” ဆိုပြီးလည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အသိပေးထားခဲ့ပါသေးတယ်။

စေတနာကောင်းရင် ကံကောင်းတယ်ဆိုတဲ့ စကားအတိုင်းပဲ မကြာသေးခင်က ဒိန်းဒေါင်ဟာ မထင်မှတ်ပဲ ထီပေါက်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့လက ထီပေါက်တဲ့အချိန်တုန်းကလည်း သူကလေဖြတ်ပြီးမသန်စွမ်း ဖြစ်နေတဲ့ ထီသည်ဆီကနေ အားပေးပြီး ထီထိုးခဲ့ရာကမထင်မှတ်ပဲ ပေါက်သွားခဲ့တာမို့ ဒီငွေတွေကိုလည်း သက်ကြီးလူ ရွှင်တော်တွေအတွက် လှူတန်းခဲ့ပါသေးတယ်။


ဒိန်းဒေါင်က လက်ရှိအချိန်မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် သူနဲ့တူတူလှူတန်းလိုသူတွေ အတွက် ဆက်သွယ်လှူတန်းနိုင်မယ့် ဖုန်းနံပတ်တွေပေးထားသလိုပဲ အကူညီလိုအပ်နေတဲ့သူတွေကိုလည်း သူ့ထံ အကူညီဆက်သွယ်တောင်းခံနိုင်မယ့် ဖုန်းနံပတ်တွေကို ပွင့်ပွင့်လင်းလင်းဖော်ပြပြီး အကူညီတွေ ပေးနေ တာဖြစ်လို့ ဟာသ သရုပ်ဆောင် ကိုဒိန်းဒေါင်တို့မိသားစုတွေ အားလုံး ကျန်းမာချမ်းသာပြီး ဒီထက်မက အလှူအတန်းတွေ လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

  နဲ့