အိမ်မှာစတေးဟုမ်းနေရင်း နီနီခင်ဇော်ရဲ့ လိုက်ဖ်ရှိုးလေးကြည့်ကြစို့

အောက်တိုဘာ ၁၁ရက်နေ့ ည ၇နာရီမှာ အဆိုတော်နီနီခင်ဇော်ရဲ့ ပေ့ချ်ကနေ လိုက်ဖ်တိုက်ရိုက်ဖျော်ဖြေ တင်ဆက်ပွဲတစ်ခုကျင်းပပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲလေးမှာ ပရိသတ်အချစ်တော် နီနီခင်ဇော်ကနေ ပရိသတ်တွေတောင်းဆိုတဲ့ သီချင်းတွေကို အတတ်နိုင်ဆုံးသီဆိုဖျော်ဖြေပေးသွားမယ် လို့လည်း သိရပါတယ်။လိုက်ဖ်ရှိုးအချိန်က အောက်တိုဘာ၁၁ရက်နေ့ ည၇နာရီမှ ညရှစ်နာရီခန့်အထိကျင်းပပေးသွားမှာဖြစ်ပြီး ဒီအစီအစဉ်ကို အဆိုတော်နီနီခင်ဇော်နဲ့ OK Dollar တို့ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကာ ကိုဗစ်၁၉ အတွက် အလှူငွေလှူတန်းနိုင်မယ့် အစီအစဉ်များလည်းပါဝင်ပါတယ်။ အဲဒီအစီအစဉ်မှာ အဆိုတော်နီနီခင်ဇော်က ပရိသတ်တောင်းဆိုတဲ့ သီချင်းတွေကို သီဆိုပေးမယ့်အပြင် ပရိသတ်တွေထဲက တစ်ချို့ကိုလည်း ဗီဒီယို ကောလ်ခေါ်ပြီး စကားတွေပြောသွားဦးမယ်လို့လည်း သိရပါတယ်။

“နီနီအခုတလောအွန်လိုင်းမှာ လိုက်ဖ်လည်းမလုပ်ဘူး၊ သီချင်းလည်းမဆိုဘူးလို့ ပြောနေကြ ၊ တောင်းဆိုနေကြ တဲ့ပရိသတ်တွေ အတွက် တနင်္ဂနွေနေ့ည ၇နာရီကနေ ၈နာရီအတွင်းမှာ Live ဖျော်ဖြေသီဆိုသွားဖို့ရှိပါတယ်။ ဒီအစီအစဉ်လေးကတော့ အိုကေဒေါ်လာနဲ့အတူပူးပေါင်းပြီးတော့ စီစဉ်တင် ဆက်သွားမှာဖြစ်ပါတယ်။ ဒီအစဉ်လေးမှာဆိုရင် ပရိသတ်တွေ တောင်းဆိုတဲ့ သီချင်းတွေကို အတတ်နိုင်ဆုံး လိုက်ဖ် ဆိုသွားမှာဖြစ်တဲ့ အပြင် ကြည့်ရှုနေတဲ့ပရိသတ်တွေထဲကမှ တစ်ချို့ကိုလည်း ဗီဒီယိုကောလ်ခေါ်ပြီး စကားပြောသွားမှာပါ။ ဒါကြောင့်မို့လို့ အဲဒီနေ့ကြရင် ဒီအစီစဉ်လေးကို ကြည့်ကြဖို့အတွက် လုံးဝမမေ့ပါနဲ့ ရှင့်” ဆိုပြီး သူမရဲ့ ပေ့ချ်မှာ ဗီဒီယိုလေးတင်ပြီး စကားပြောထားပါတယ်။

 

ဒါ့အပြင် ကိုဗစ်၁၉ရောဂါတိုက်ဖျက်ရေးအတွက် တစ်ဖက်တစ်လှမ်းကနေ ပါဝင်လှူတန်းနိုင်ဖို့ ငွေကျပ် ၁၀၀ကစပြီး လှူတန်းလို့ရမယ့် အထူးအစီအစဉ်လေးကိုလည်း ပြုလုပ်ထားကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။
“အထူးအစီအစဉ်အနေနဲ့ အိုကေဒေါ်လာနဲ့အတူ ပူးပေါင်းပြီးတော့ ကိုဗစ်၁၉ အတွက်လှူတန်းမှုတွေလည်း ပြုလုပ် သွားမှာဖြစ်ပါတယ်ရှင့်။ လှူတန်းမှုမှာလည်း ပရိသတ်တွေအားလုံးပါဝင်ပြီးတော့ လှူတန်းစေချင်ပါတယ်။ ဘယ်လိုလှူတန်းရမလဲဆိုရင် အိုကေဒေါ်လာ အက်ပလီကေးရှင်းကနေ တဆင့် ငွေကျပ်တစ်ရာကနေ စတင်ပြီး တော့ လှူတန်းနိုင်မှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။


အဆိုတော် နီနီခင်ဇော်ကတော့ Melody World သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရင်းနဲ့ ဂီတလော ကထဲကို ဝင်ရောက်လာခဲ့ပြီး အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့တဲ့ စတားတစ်ယောက်အဖြစ်ရပ်တည်နေသူတစ်ဦး လည်းဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေအားလုံးကို သိမ်းပိုက်ထားနိုင်သူတစ်ဦးဖြစ်ပြီး လတ်တလောမှာ လည်း The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တစ်ဦးအဖြစ်လည်း ရပ်တည်နေသူဖြစ်ပါတယ်။
အနုပညာအလုပ်တွေအပြင် စီးပွားရေးအမြင်လည်းရှိတဲ့ သူမဟာ Super Red အလှကုန်ပစ္စည်းတွေကိုပါ ထုတ်လုပ်ရောင်းချ အောင်မြင်လျှက်ရှိနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ Super Red အလှကုန်ပစ္စည်း တွေအတွက် ရိုက်ကူးထားတဲ့ သူမကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ အိုင်ဒီယာအဆန်းလေး တွေနဲ့ ကြော်ငြာ များဟာလည်း လူတိုင်းကြိုက်နှစ် သက်ကြလေ့ရှိပြီး အွန်လိုင်းမှာ လူကြည့်များလွန်းတဲ့ ကြော်ငြာတွေအဖြစ် ပေါက်နေခဲ့ပါတယ်။

အခုချိန်မှာလည်း အသစ်အသစ်တွေကို ပရိသတ်တွေကိုချပြ ချင်တဲ့ နီနီဟာ တေးရေးအသစ်တွေနဲ့လက်တွဲ လုပ်ကိုင်လိုတာကြောင့် ခေါ်ယူနေတာကိုလည်း တွေ့ရပါတယ်။ “Ni Ni ‘s Team မှ နီနီရဲ့ အသစ်ထွက်ရှိမယ့် သီချင်းခွေတွင် လက်ရှိလက်တွဲလုပ်ကိုင်နေသောတေးရေးဆရာသမားများ၊ နီနီကိုယ်တိုင်ရေးသားသော သီချင်းများအပြင်၊ အသစ်သစ်သော ဖန်တီးမှုများဆက်လက်လုပ်ကိုင်လိုပါ၍ Own Tune ဖန်တီးရေးသား/ဂီတထုတ်လုပ်သူ (composer/music producer) အနုပညာရှင်အသစ်များ ခေါ်ယူနေပါတယ်…. နီနီ့အတွက်ကိုယ်တိုင်ဖန်တီးရေးသားထားသော Own Tune မည်သည့် သီချင်း ဂီတ အမျိုးအစားကိုမဆို ပေးပို့နိုင်ပါတယ်” ဆိုပြီး အသေးစိတ်အချက်အလက်တွေနဲ့ အတူ သူမရဲ့ ပေ့ချ်မှာ ရေးသားခေါ်ယူထားပါ တယ်။


လတ်တလောမှာတော့ နီနီခင်ဇော်က မိသားစုတွေနဲ့သာမက ပရိသတ်များနဲ့ပါ တူတူစုပြီး ကိုဗစ်၁၉ အတွက် တစ်ဖက်တစ် လှမ်းက လှူတန်းမှုတွေပြုလုပ်နေပါတယ်။ကဲ အောက်တိုဘာ ၁၁ရက်နေ့ ည၇နာရီမှာ စတင်ကျင်းပမယ့် နီနီခင်ဇော်ရဲ့ လိုက်ဖ်ရှိုးလေးကိုစောင့်ကြည့် ဖို့ မမေ့ပါနဲ့၊ နီနီနဲ့တူတူ သီချင်းတွေဆိုရင်း၊ လိုက်ဖ်ရှိုးကြည့်ရင်း ကိုဗစ်၁၉ အတွက်လည်း Ok Dollar မှတဆင့် နည်းသည်များသည် ပဓာနမထားပဲ ငွေကျပ်တစ်ရာမှစလို့ လှူတန်းနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ပါတယ်။

  နဲ့