ဒါလား မင်းသမီးဆိုပြီး ပြောခဲ့တဲ့လူတွေအကြောင်း ရင်ဖွင့်လိုက်တဲ့ သက်မွန်မြင့်

မင်းသမီးချော သက်မွန်မြင့်တစ်ယောက်ကတော့ မကြာသေးခင်က သူ့အနေနဲ့ မင်းသမီးစဖြစ်လာချိန်က လူတွေပြောဆိုဝေဖန်ခဲ့တဲ့ အကြောင်းအရာလေးကို တဖန်ပြန်ပြောပြလာပါတယ်။


ချင်းတိုင်းရင်းသူလေးအဖြစ် စကားသံဝဲ၀ဲလေးနဲ့ သက်မွန်မြင့်ဟာ အနုပညာလောကကို စတင်ဝင်ရောက်ချိန် မှာလည်း လူချစ်လူခင်ပေါများခဲ့တာ ဖြစ်ပေမယ့်လည်း အပြစ်စကားဆိုခဲ့တဲ့လူတွေဟာလည်း ဆိုနေကြတာပဲ ဖြစ်ပါတယ်။


သက်မွန်မြင့်ဟာ အရပ်ရှည်သူထဲမှာပါပြီး ပိန်လည်းပိန်တဲ့အတွက် “ဒါလားမင်းသမီး” ဆိုပြီး အပြောခံခဲ့ရဖူးတာ ဖြစ်ကြောင်းကို ဝေမျှလာတာဖြစ်ပါတယ်။

“ကိုယ့်ကိုကိုယ် အဲ့လောက် ကိတ်ကိတ်နဲ့ လှလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားဘူး 😂


မင်းသမီး စလုပ်တုန်းကဆို ဒါလား မင်းသမီးဆိုပြီး အပြောခံခဲ့ရဖူးတယ် 😔အချိန် အတော်ကြာထိ ကလန်ကလား ပြားချပ်ချပ်ပဲ😁ခုနေမကောင်းချိန်နဲ့ နေကောင်းတုန်းကအချိန် ဘယ်ဟာ ပိုသဘောကျကြလဲ ပိတ်သတ်ကြီး 🤪”

ဆိုပြီးပရိသတ်တွေရဲ့ အမြင်ကို မေးမြန်းလိုက်တာ ဖြစ်ပါတယ်။


သက်မွန်မြင့်ဟာ ချစ်စရာအပြုံးချိုချိုလေးနဲ့ အနုပညာရှင်အချင်းချင်းကြားမှာလည်း ပျော်ပျော်ရွှင်ရွှင်စနောက်တတ်တဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်တတ်သလို သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားသူပါ။


ခင်ပွန်းဖြစ်သူကိုစစ်နိုင်၊ သားအားချစ်လေးနဲ့ သမီးလေး လဝန်းမေတို့နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပြီး အခါအားလျော်စွာလည်း လိုက်ဖ်လွှင့်ပြီးပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး စကားစမြည်တွေ ပြောသူလည်း ဖြစ်ပါတယ်နော်။

  နဲ့