“ချမ်းမီမီကို ပြောပြခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်း”

မင်္ဂလာပါ။ ဆယ်လီဂုရုပေ့ချ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အခုတစ်ခေါက်ဖော်ပြပေးသွား မယ့် အကြောင်းအရာကတော့ သရုပ်ဆောင်ချမ်းမီမီကိုရဲ့ အကြောင်းပဲဖြစ်ပါတယ်။

သရုပ်ဆောင်ချမ်းမီမီကိုဟာ အရပ်မြင့်မြင့် ပါးချိုင့်လေးထင်းလို့ ဆွဲဆောင်မှုရှိလွန်းလှတဲ့ သရုပ်ဆောင်တစ် ယောက်ပါ။

သူမက အိမ်ထောင်ကျပြီးတဲ့နောက် အနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပြီး

ယခုအချိန်မှ အနု ပညာလောကထဲကို တစ်ကျော့ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။


ချမ်းမီမီကိုက လက်တလောမှာ သားလေးတစ်ယောက်နဲ့ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေသူတစ်ယောက် ဖြစ်ပြီး

မကြာသေးခင်က သူမဟာ ကောင်လေးတစ်ယောက်ရဲ့ အားကျအတုယူဖွယ်စိတ်ထားတစ်ခုအကြောင်း ကို မျှဝေပေးခဲ့ သလိုပဲ သူမရဲ့ ခံယူချက်တစ်ခုကိုလည်း ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

ချမ်းမီမီကိုမျှဝေပေးထားတဲ့ ကောင်လေးတစ်ယောက်ရဲ့ ကြိုးစားချင်စိတ်ဆိုတာ ဘယ်လိုအကြောင်းအရာမျိုးဖြစ်မလဲဆိုတာ ဖတ်ကြည့် လိုက်ကြရအောင်ပါ။


ချမ်းမီမီကိုက ပြောထားတာကတော့ သူ့ရဲ့ အိမ်ရှေ့မှာ မနက်စောစော ငှက်စာလာရောင်းတတ်တဲ့ ကောင်လေး တစ်ဦးရှိကြောင်း၊

နေ့စဉ်နေ့တိုင်းသူမက ၂၀၀၀ ဖိုးအမြဲဝယ်အားပေးလေ့ ရှိတယ်လို့ ပြောပြထားပါတယ်။

ချမ်း မီမီကိုအနေနဲ့လည်း အိမ်မှာအမြဲရှိမနေတတ်တဲ့အတွက် တစ်နေ့မှာ ငွေသုံးသောင်းကို တစ်ခါတည်းပေးထား ပြီး

ငှက်စာလာချိတ်ပေးဖို့ ပြောထားခဲ့ရာမှာပဲ ကောင်လေးရဲ့ စိတ်ထားလေးကို သိလိုက်ရတာဖြစ်တယ်လို့ ပြော ကြားထားတာဖြစ်ပါတယ်။


“ကောင်လေးရဲ့ကြိုးစားချင်စိတ်

တစ်နေ့ ကျွန်မအိမ်ရှေ့သို့ နံနက်စောစော ငှက်စာလာလာလာရောင်းတတ်တဲ့လူငယ်လေးတစ်ဦးရှိသည်။ကျွန်မ နေ့စဉ်၂၀၀၀ဖိုးအမြဲဝယ်အားပေးလေ့ရှိတယ် တစ်ခါတစ်ခါ ကျွန်မလည်းအိမ်မှာအမြဲရှိမနေတတ်ဘူး‌ လေ ။

ဒါ ပင်မဲ့ သူပုံမှန်လာရောင်းရှာတယ် ။ကျွန်မလည်းတစ်နေ့ ငွေ၃သောင်းသူကိုပေးလိုက်တယ် နေ့စဉ် ငှက်စာလာ ချိတ်ပေးပါလို့ ကျွန်မပြောခဲ့ပါသည်။

ဘာပဲပြောပြော ငွေ၃သောင်းဟာ သူအတွက်ပြောမပြတတ်အောင် ဝမ်းသာသွားခဲ့တယ် ။ကျွန်မလည်း လာချိတ်ချိတ် မချိတ်ချိတ် လှူတယ်လို့သဘောထားဖြစ်ခဲ့တယ်ရှင့်။

ထိုလူငယ်ပုံမှန်အိမ်‌ ရှေ့အမြဲလာချိတ်ပေးခဲ့တယ် ကျွန်မ မရှိတဲ့အချိန်တွေရောပေါ့ တစ်နေ့ ကျွန်မ ခရီးက ပြန်လာတော့ လာချိတ်လွန်းလို့လေ မြောင်းမှာ စပါးပင်လေးတွေတောင်ပေါက်နေတဲ့မြင်ကွင်း ကျွန်မ မြင်ခဲ့ရတယ်

ဘာပဲပြောပြောပျော်တယ် ချစ်စရာကလေး ငယ်ငယ် မြန်မာလူငယ်လေးတွေရဲ့ ကြိုးစားတဲ့ စိတ်ဓာတ် သစ္စာရှိမှုလေး လေးစားမိပါတယ်ရှင့်။🥰❤️” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။


အခုလိုကိုဗစ်ကာလကြီးမှာ အလုပ်အကိုင်တွေရှားပါးပြီး လူတိုင်းငွေလိုနေကြတာပါ။

ဒါပေမယ့် ဒီလူငယ်လေး လိုရိုးသားပြီး သစ္စာရှိတဲ့ကလေးငယ်တွေ လူ့အဖွဲ့အစည်းထဲမှာလည်း များများရှိဖို့လိုနေတာဖြစ်ကြောင်းလည်း ချမ်းမီမီကိုရဲ့ ပို့စ်အောက်မှာ ချီးကျူးဂုဏ်ပြု စကားတွေ ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။


ချမ်းမီမီကိုဟာ ဘုရားတရားကိုလည်း ရိုသေကိုင်းရှိုင်းပြီး အေးအေး ချမ်းချမ်းနေတတ်သူတစ်ယောက်လည်း ဖြစ်ကာ သူမရဲ့ ပရိသတ်တွေကလည်း အနေအေးလို့ အချစ်ပိုကြပါတယ်။

ဒါပေမယ့် လူတွေဟာ လူအမျိုး မျိုး စိတ်အထွေထွေမို့ သူမကို အပြစ်တင်နှောင့်ယှက်ချင်ကြတဲ့ လူတွေလည်းရှိနေတယ်ဆိုတဲ့ အကြောင်း မကြာ သေးခင်က ရင်ဖွင့်ထားခဲ့ပါတယ်။


မိန်းမကောင်းပန်းပန်တစ်ပွင့်တည်းဖြစ်ချင်သလို အားပေးတဲ့လူတိုင်းကို ကျေးဇူးတင်ပါကြောင်း၊

တစ်ချို့လူတွေ က မကောင်းတဲ့ ဓာတ်ပုံတွေ ပို့ကြလို့ ဘလော့ထားရကြောင်း၊ ကိုယ့်ယောကျ်ားဖြစ်သူကိုသာ ချစ်ကြောင်း၊ ဘဝမှာလည်း ဒီယောကျာ်းတစ်ယောက်တည်း ပတ်သက်ဖူးလို့ သူပဲရင်ထဲရှိတာ မို့ နောက်တစ်ယောက်ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ချစ်ပါ၊ မေတ္တာထားပါ၊ လူလူချင်းစာနာပေးပါလို့ ပြောကြားထားတာဖြစ်ပါတယ်။


“ကွဲကွာတယ်ဆိုပင်မဲ့ မိမိယောကျာ်းနဲ့မိမိ ကြားထဲက လူကြီးတွေရဲ့ မတူညီနိုင်တဲ့အနေအထား သဘော ထားကြောင့် ကျွန်မရွေးခြယ်ရတာပါ၊

အချစ်ဆိုတာပါရမီဖြည့်ဘက်လို့ပြောလျှင် ပိုသင့်တော်ပါတယ် မိမိအတ္တစိတ်လေး တစ်ခုအတွက် မိန်းမပဲဆိုပြီးလိုသုံးလုပ်နေတဲ့သူတွေ တွေးနေတဲ့အတွေးတွေ ကျွန်မလေ ဘယ်လိုသုံးသပ်ရမယ်မှန်းမသိတော့ဘူးရှင့် အိမ်ထောင်သည် ဖြစ်တိုင်း ကိစ္စတစ်ခုကို သိတိုင်း ယောကျာ်းတိုင်းလိုက်ငမ်းမနေပါဘူး

ကျွန်မအိမ်ထောင်သည် ဖြစ်စဉ် 3ပေ ခွာပြီး ဘယ်သူမှမကြည့်ဖြစ်ပါ မိမိယောကျာ်းမှလွဲ၍ မည်သည့် ယောကျာ်းမှမကြည့်ပါ

မိန်းမတစ်ယောက်ရဲ့ အပြုအမူ အနေအထားလေးတော့ သုံးသပ်ပြီး တွေးတောကြပါရှင့်” ဆိုပြီးတင်ထားခဲ့တာ ဖြစ်ပါတယ်။

  နဲ့