“တစ်နှစ်သားအရွယ်မှာပဲ မွေးစားဖို့ပေးခံခဲ့ရတဲ့ ဟာသသရုပ်ဆောင် ဦးခင်လှိုင်ရဲ့ ငယ်ဘဝဇာတ်ကြောင်း”

အနုပညာလောကမှာ အောင်မြင်မှုအရဆုံး ထိပ်တန်းဟာသ သရုပ်ဆောင်တစ်ဦးကတော့ ဦးခင်လှိုင်ပဲ ဖြစ် ပါတယ်။

ဦးခင်လှိုင်ဟာ သရုပ်ဆောင်သာမက..ဒါရိုက်တာအဖြစ်ပါ အနုပညာ အလုပ်တွေကိုလုပ်ဆောင် နေသူဖြစ်ကာ ပရိသတ်ချစ်ခင်မှုကိုလည်းအပြည့်အ၀ ရရှိထားတဲ့သူတစ်ဦးဖြစ်ပါတယ်။

ဒီလိုတွေအောင်မြင် လာဖို့အတွက် ဦးခင်လှိုင်ရဲ့ဘဝကို ကြိုးစားဖြတ်သန်းခဲ့ရတာလည်း လုံးဝလွယ်ကူခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။

သူ့ရဲ့ ငယ်ဘဝအခြေအနေကဆိုရင်လည်း အတော်လေးကို ရုန်းကန်လှုပ်ရှားခဲ့ရတာဖြစ်ပြီး သူဟာ ငယ်ငယ်လေးကတည်းက မွေးစားဖို့ပေးခံခဲ့ရတယ်ဆိုတာကို 7th Sense Creation ကပြုလုပ်တဲ့ ဗီဒီယို အင်တာဗျူးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


“ဦးခင်လှိုင်က မွေးစားမိဘတွေလက်ထဲမှာ ကြီးပြင်းခဲ့တာပေါ့။ မွေးစားမိဘတွေ ဆိုပေမယ့်လည်း မိဘအ ရင်းတွေ လိုပဲကောင်းတဲ့ မွေးစားမိဘတွေပေါ့နော်။ ဦးခင်လှိုင်ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့။ ဦးခင်လှိုင်ကို မွေးစား စဉ်တုန်းက အဖေတို့အမေတို့က အတန်သင့်ချောင်လည်ကြတယ်လို့ ပြောလို့ရမှာပေါ့။ စမ်းချောင်း မှာနေကြတယ်။ ဦးခင်လှိုင်ကိုမွေးစားပြီးတဲ့အချိန်မှာ ဦးခင်လှိုင်က ဂျိုကောင်လေးလို့ ပြောရမလား မသိဘူး။ အမေတို့ အဖေတို့ စီးပွားရေးထိခိုက်ပြီး အဆင်မပြေကြဘူး။ သူတို့ခင်မျာ ဦးခင်လှိုင်ကို ချစ်ကြ ရှာပါတယ်။

ဦးခင်လှိုင်က ငယ်ငယ်လေးကတည်းက ရောဂါလည်းထူလို့လေ။ သူတို့မှာ နယ်တွေမျိုးစုံကိုလည်း လျှောက် ပြောင်းတာ ဦးခင် လှိုင်မိဘအရင်းတွေက ပြန်ခေါ်မှာဆိုးလို့။ အာ့လိုလျှောက်ပြောင်းရင်းနဲ့ ဦးခင်လှိုင်က မြို့ ပေါင်းစုံမှာ နေဖြစ်သွား တာ။ မိဘတွေ အဆင်မပြေတဲ့အခါကျတော့ ဘဝကြမ်းတာပေါ့နော်” လို့ ပြောပြခဲ့တာပါ။


ဒါ့အပြင် မွေးစားမိခင်ဖြစ်သူက မြန်မာမုန့်မျိုးစုံကို စမ်းချောင်းဈေးထဲမှာ ရောင်းချခဲ့သူဖြစ်တာကြောင့် ဦးခင် လှိုင်ကိုယ်တိုင်ကလည်း မိဘကိုဈေးကူရောင်းပေးရင်း မြန်မာမုန့်မျိုးစုံ လုပ်တတ်ခဲ့ပြီး ဈေးလည်းရောင်းတတ် တာဖြစ်ပါတယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

“ဦးခင်လှိုင်အမေက စမ်းချောင်းဈေးထဲမှာ ဈေးရောင်းတယ်။ အုတ်ကျင်းမှာနေလဲ မနက်သုံးနာရီလောက်ဆို ရထားနဲ့လိုက်သွားပြီးတော့ ကြည့်မြင်တိုင် ဘူတာမှာဆင်း၊ ပြီးရင်စမ်းချောင်းဈေးကို ဆက်သွားပေါ့။ မနက် အစောကြီးထရတာပေါ့။ ဦးခင်လှိုင် ကကူလုပ် ပေးခဲ့တာပေါ့။ အမေက မြန်မာမုန့်မျိုးစုံလုပ်တော့ ဦးခင်လှိုင်က ကျောင်းကပြန်လာပြီဆိုတာနဲ့ လွယ်အိတ်ချပြီး အုန်းသီးခြစ်ပေးရတယ်။

ဖက်သုပ်ပေးရတာတို့ စသည်အားဖြင့် အမေ့ကို ဝိုင်းကူပေးရတာပေါ့။ မုန့်ကြိတ်တာ ၊ မုန့်နယ်တာ အစုံပဲပေါ့။ ဦးခင်လှိုင်လုပ်နိုင်သလောက် ဝိုင်းပြီး လုပ်ပေးခဲ့ရတာပေါ့။ ဒါကြောင့် မြန်မာမုန့်မျိုးစုံ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တာ။ ဒီတော့ စမ်းချောင်းဈေးမှာ အမေ့ကိုဈေးကူရောင်းတယ်။

ဆယ်နာရီ လောက်ဆို ဦးခင်လှိုင်က အိမ်ပြန်ပြီးတော့ ချက်ပြုတ်ပြီးတော့ အမေ ပြန် လာရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတာပေါ့။ ဦးခင်လှိုင်ကနေ့ ကျောင်းတက်တာကိုး၊ ဟင်းချက်တာရော၊ ဈေးရောင်းတာရော၊ မုန့်မျိုးစုံလုပ် တတ်တာရော အမေ့ကိုကူခဲ့တဲ့ကျေးဇူးနဲ့ အခုချိန်ထိ လုပ်တတ်နေတာပေါ့နော်” လို့ သူ့ရဲ့ဘဝကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။


ဦးခင်လှိုင်ရဲ့ အဖေအရင်းနဲ့အမေရင်းမှာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ကွဲကွာခဲ့ရတာကြောင့် သားသုံးဦး ရှိတဲ့အနက် အငယ်ဆုံးသားဖြစ်သူ ဦးခင်လှိုင်ကို တစ်နှစ်သားအရွယ်မှာ မိတ်ဆွေဖြစ်သူထံ မွေးစားဖို့ပေးခဲ့တာ ဖြစ်တယ်လို့လည်း ဦးခင်လှိုင်က ဆက်လက်ပြောပြခဲ့ပါတယ်။

“ဦးခင်လှိုင်ရဲ့ အဖေရင်းနဲ့အမေရင်းက အိမ်ထောင်ရေးကတောက်ကဆဖြစ်ပြီးတော့ ကွဲကွာကြတဲ့အခါကြ တော့ ဦးခင်လှိုင်မှာ အစ်ကိုနှစ်ယောက်ရှိသေးတယ်။ နှစ်နှစ်ကြီးနှစ်နှစ်ငယ်တွေပေါ့။ အကြီးဆုံးနဲ့ ဦးခင်လှိုင်ဆိုရင် လေး နှစ်ကွာမယ်ပေါ့။ သူတို့ကမန်းလေးမှာ။ အမေက အိမ်ထောင်ကွဲတော့ အစ်ကိုကြီးနှစ်ယောက်ကိုခေါ် သွား တယ်။ ဦးခင်လှိုင်ကိုကြတော့ မွေးစားအဖေအမေ လက်ထဲမှာထားခဲ့တာပေါ့။

အဖေကတော့ ဇာတ်လမ်းသေချာ မသိပါဘူး။ ယဉ်ကျေးမှုမှာ ဦးခင်လှိုင်ဝန်ထမ်းဖြစ်ပြီးတော့မှ အဖေရင်းနဲ့ အမေရင်းကို ပြန်တွေ့ခွင့်ရတာ။ မိဘ တွေနဲ့ ငယ်ငယ်ကလေးကတည်းက အတူနေရမယ့် ကံသိပ်မပါဘူးထင်ပါတယ်။

မွေးစားအဖေနဲ့အမေကလည်း ခဏခဏ အိမ်ထောင်ရေးကတောက်ကဆဖြစ်တော့ အမေကြို့ပင်ကောက်ပြန်ရင် အမေနဲ့ပါသွားတာ။ ကြို့ပင် ကောက်မှာ တစ်တန်းတက်မယ်ဆိုတော့ တက်နေရင်းနဲ့နှစ်တစ်ဝက်လောက်မှာ အဖေကလိုက်ပြန်ခေါ်တော့ ရန်ကုန်ပြန်ရောက်လာတယ်။

အဲဒီမှာ တစ်တန်းကိုပဲ သုံးနှစ်လောက်တက်ရတယ်။ အဲဒီလိုမျိုးကျောင်းတွေ လည်း နောက်ကျကုန်တာပေါ့နော်။ အဲဒီလိုနဲ့ငါးတန်းလောက်ရောက်တော့ တော်တော်အရွယ်ရောက်နေပြီ ပေါ့နော်။

အမေ့ကိုချစ်တော့ပြဿနာတက်တိုင်း အမေ့ဖက်ကပဲ အမြဲတမ်းပါတယ်။ အဖေကဆုံးမတာကြမ်း တော့ အဖေ့ကိုလည်း ကြောက်တယ်။ ရိုက်တာကြမ်းတော့ အဖေနဲ့သိပ်မနေချင်ဘူး။ ကြောက်တယ်။ အခု အဖေအသက်ကြီးပါပြီ။

ဦးခင်လှိုင်တတ်နိုင်သလောက် လစဉ်ထောက်ပံ့တယ်။ တူတူတော့မနေနိုင်ပေမယ့် အဖေလိုတာလေးတွေ လုပ်ပေးနေတယ်။

ဦးခင်လှိုင်ရဲ့မှော်ဘီခြံမှာ လာနေဖို့ကြတော့လည်း မနေချင်ဘူး တဲ့။ ဒီအိမ်မှာကျတော့လဲ မိသားစုဝင်ကများတော့ ဆယ့်တစ်ယောက်လောက်ရှိတော့ သူဘယ်လိုမှ မနေချင်ဘူး ထင်ပါတယ်” လို့ ပြည့်ပြည့်စုံစုံပြောပြခဲ့တာပါ။


ဦးခင်လှိုင်အနေနဲ့လည်း သူဟာမွေးစားသားတစ်ယောက်ဖြစ်ကြောင်းကို သူအိမ်ထောင်မကျခင်အချိန်လေးမှ သာသိခဲ့ရတာဖြစ်ပြီး မိခင်အရင်းကိုသွားတွေ့ခဲ့တဲ့ ခံစားချက်လေးကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“ဦးခင်လှိုင်က တစ်နှစ်သားမှာ မွေးစားခံရတာပါ။ ပေတိပေစုတ်ကလေးပါ။ မွေးစားအဖေ အမေမှာ ကလေးမရ တော့ အမေက ကလေးလိုချင်တော့ မွေးစားအဖေနဲ့ အမေရင်းတို့ကခင်နေ တော့.. ကျွန်မသိပ်ဒုက္ခရောက် နေတယ်။ ဒီကလေးငယ်လေးနဲ့ ဖြစ်နေလို့ မွေးစားမလားမေးတော့ အဖေက မွေးစားမယ်ဆိုပြီးတော့ ယူလိုက် တာ။ အိမ်ထောင် မကျခင်အချိန်အထိ မသိခဲ့ဘူး။ အဖေအမေရင်းပဲ ထင်ခဲ့တာ။ အဲဒါအဖေတို့အမေ တို့က လည်း လုံးဝမရိပ်မိ အောင်နေခဲ့ကြတယ်။ အဖေအမေအရင်းပဲ ထင်နေတာပါ။ တကယ့်ကိုလည်း ကောင်းရှာပါ တယ်။ မွေးစားအမေက တော့ဆုံးသွားရှာပြီ။ နင့်အမေကိုမြင်ဖူးချင်လားတဲ့ သူတို့ကပြောတယ်။

မြင်ဖူးချင်တယ်လို့ အမေရင်းဆိုတာ ဘယ်လို ပုံသဏ္ဍန် လဲလို့ပေါ့နော်…မန်းလေးမှာနေတယ်တဲ့။ ဦးခင် လှိုင်စိတ်ကူးယဉ်ထားသလို ရုပ်ရှင်ထဲကလို ပြန်တွေ့ရင်ဘယ် လိုဖြစ်မလဲပေါ့။ တစ်လမ်းလုံးကားပေါ်မှာ စိတ်ကူးယဉ်သွားတာပေါ့နော်။ တကယ့်တကယ်ပြန်တွေ့တော့ အဲဒီ လိုမျိုးလဲ မဟုတ်ပါဘူး။ နည်းနည်း စိမ်းတာပေါ့နော်။ အမေကလဲ သူနှစ်ပေါင်းများစွာ သူ့ကလေးတစ်ယောက် ကိုပေးခဲ့မိတဲ့ သူ့ရဲ့သောက၊ သူ့ကိုယ်သူအပြစ်တင်နေတာ နေမှာပေါ့နော်။

ဦးခင်လှိုင်ကိုတွေ့တဲ့ အချိန်မှာ သူ စကားပြောရမှာ အမ်းတန်းတန်း ဖြစ်ပြီးတော့ ဆက်ဆံရေးက ကျဲတောက်တောက်ဖြစ်နေတာပေါ့။မချိုရေ ဒီမှာ နင့်သားပါ လာတယ်ဆိုတော့ အမေနဲ့ကိုယ်နဲ့တွေ့ပေါ့။ အဲဒီလောက်ပါပဲ။

အစ်ကိုအကြီးဆုံးက ဦးခင်လှိုင်နဲ့ ရုပ်ချင်း တော်တော်တူတယ်။ အစ်ကိုနှစ်ယောက်လုံးကလည်း ဦးခင်လှိုင်ကို ချစ်ရှာပါတယ်။

အမေနောက်အိမ် ထောင်နဲ့မွေးတာ ညီလေး၊ ညီမလေး သုံးယောက်ရှိတယ်။ မန်းလေးမှာပဲ။ သပ်သပ်စီကြီး ဖြစ်နေကြတော့လဲ သိပ်ပြီးတော့ရင်း ရင်းနှီးနှီးကြီးမရှိ တော့ဘူးပေါ့” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။


ဦးခင်လှိုင်က လက်ရှိအချိန်မှာတော့ သာယာပျော်ရွှင်တဲ့ မိသားစုကြီးတစ်ခုကို ထူထောင်ထားနိုင်ပြီဖြစ်ပြီး သားဖြစ်သူဇေရဲနဲ့ သမီးဖြစ်သူသဇင်ထူးမြင့်ကိုလည်း အနုပညာအမွေလက်ဆင့်ကမ်းပေးနေတာပဲ ဖြစ်ပါတယ်။

  နဲ့