ဒုတိယကိုယ်ဝန်လွယ်ထားပြီဆိုတဲ့အကြောင်း Sweet December မှာ ပရိသတ်အားလုံးကို အသိပေးလိုက်တဲ့ အဆိုတော်ချမ်းချမ်း

သီချင်းတွေကို အသံပါဝါအားကောင်းကောင်းတဲ့ ဆိုလေ့ရှိသူ၊ဘုရားပေးတဲ့ အသံ၊ ရှည်လျားတဲ့ အရပ်နဲ့ အင်တာနေရှင်နယ်ဆန်ဆန်မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်ချမ်းချမ်းတစ်ယောက် ဒီကနေ့ဒီဇင်ဘာ တစ်ရက်နေ့မှာ ပရိသတ်တွေကို မထင်မှတ်ထားတဲ့ သတင်းတစ်ခုနဲ့ စပရိုက်လုပ်ခဲ့ပါတယ်။


သူမက ဒီကနေ့မှာ သူမရဲ့ လက်ရှိအိမ်ထောင်ဖက်ဖြစ်သူ Enrico နဲ့ ဒုတိယရင်သွေးရတနာလေးကို လွယ်ထားရပြီ ဖြစ်ကြောင်း အသိပေးလာခဲ့ပါတယ်။ အခုဆိုရင် ကိုယ်ဝန်ငါးလခန့်ရှိနေပြီဖြစ်ပြီး ကလေးလေးရော မေမေချမ်းချမ်းပါ အားလုံးကျန်းမာရေးကောင်းမွန်ပြီး စိတ်ချမ်းသာနေကြတယ်လို့လည်း သတင်းပေးထားခဲ့တာ ဖြစ်ပါတယ်။


အဆိုတော်ချမ်းချမ်းက” Happy Sweet December Everyone 🌲🎉✨🎊ပထမဆုံး ချမ်းချမ်း အရာအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်🙏ဒုတိယအနေနဲ့ အခုချိန်ထိဘဝမှာဘယ်နှကြိမ်ပဲလဲကျခဲ့ပါစေ အမြဲအနားမှာစောင့်ရှောက်အားပေးခဲ့တဲ့အဖေနဲ့အမေ…မိတ်ဆွေသူငယ်ချင်းတွေအားလုံးကိုကျေးဇူးအရမ်းတင်ပါတယိ🙏တတိယ အခု က အခု မှ စပြောမှာ ☺” ဆိုပြီး အစချီလို့ သူမရဲ့ သတင်းစကားကို ပေးခဲ့တာဖြစ်ပါတယ်။

“ဘဝမှာ ပထမဆုံးသမီးလေးဂင်္ဂါကို ကိုယ်ဝန်ဆောင်ပြီး ၆နှစ်ကျော်အကြာမှာ…..အခုတော့ ဒုတိယအကြိမ်အဖြစ် နောက်ထပ်ရင်သွေးလေးကိုအောင်မြင်စွာနဲ့ ကိုယ်ဝန်ဆောင်နိူင်ခဲ့ပါပြီ…🤗ကိုဗစ် ကာလမှာသမီးလေး အထီးကျန်စွာနဲ့အိမ်ထဲမှာ ပျင်းနေတာ ကိုမြင်ရတာစိတ်မချမ်းသာခဲ့ဘူး..အမြဲတမ်း မောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ်လိုချင်တယ်လို့..အမေ့သမီးလေးတောင်းဆိုခဲ့တာဒီနှစ်တော့…အဆိုးထဲကအကောင်းပါပဲ ဘန်ကောက် အမျိုးသမီး ဆေးရုံ ကနေ ချမ်းချမ်းကို စေတနာအပြည့်နဲ့ အမျိုးသမီးကျန်းမာရေးစစ်ဆေးပေးဖို့မေတ္တာနဲ့ကမ်းလှမ်းလာလို့ နှစ်ယောက်သားတိုင်ပင်ပြီး 2020 မေလလောက်က ကျန်းမာရေးအတွက် သွားရောက်စစ်ဆေးပြီး ရောဂါရှာဖွေခြင်းတွေပြုလုပ်အပြီးရင်သွေးလေးတယောက်လောက်ယူချင်လို့ ကြိုးစားချင်တယ်ပြောခဲ့တယ်။

 

မီးယပ်သားဖွား ပါမောက္ခဒေါက်တာဒေါ်သင်းသင်းအောင်ရဲ့ စေတနာနဲ့ အခု ဒုတိယ ကိုယ်ဝန်ကို ဆောင်နိုင်ခဲ့ပါတယ် 😍
ဘန်ကောက် အမျိုးသမီး ဆေးရုံ မှ တာဝန် ရှိသူများနဲ့ တကွ ပါမောက္ခဒေါက်တာဒေါ်သင်းသင်းအောင်အခုလက်ရှိ တာဝန်ယူ ကြည့်ရူ့စောင့်ရှောက်ပေးနေတဲ့ပါမောက္ခဒေါက်တာ ဒေါ်စန်းစန်းမြင့်ကိုလဲ အထူးကျေးဇူးတင်ပါတယ်ရှင် 🙏” လို့ ပြောကြားခဲ့ပါတယ်။


သူမဟာ အခုချိန်မှာဆိုရင် အသက် သုံးဆယ်ကျော်ဖြစ်နေပြီဖြစ်ပြီး ကလေးယူဖို့ အချိန်လည်းကောင်းသေး တာကြောင့် သမီးလေးလည်း အဖော်ရအောင်တွေးပြီး ယူဖြစ်ခဲ့တာပါလို့ ဆက်လက်ပြောကြားထားပါတယ်။
“အမှန်အတိုင်းပြောရရင်….. ကျမအသက်က နောက်၃ နှစ်လောက်ဆို ၃၅ နှစ်ပြည့်တော့မယ် အခုလို အချိန်ရှိတုန်း ငယ်ရွယ်တုန်း နားချိန်ရတုန်းလေးမှာ ကလေးတယောက်လောက် လိုချင်မိတယ်ယူမယ်လို့လဲ အစထဲက ဆုံးဖြတ်ထားပြီးသားမို့ ယူဖြစ်ခဲ့တာပါ။နောက်တခုက သမီးလေးလဲ အဖော်ရအောင် ပေါ့…ကလေးမယူတာ ၆ နှစ်လောက်ခြားသွားတော့ အစစအရာရာ အကုန်လုံး အသစ်ကနေ ပြန်ပြီး ပြင်ဆင်ခဲ့ရပါတယ်။

မိခင်ယောက်ဖြစ်ဖို့အတွက်က ကျန်းမာဖို့က အရမ်း အရေးကြီးတဲ့အတွက် အစစအရာရာ ပြင်ဆင်ပြီး နောက်ထပ် ၂လလောက်ထပ်စောင့်ကြည့်တယ်။ ကံကောင်းစွာနဲ့ ….🤗July လမှာ ကိုယ်ဝန်ရှိနေပြီလို့ ဆရာဝန်ကပြောတယ်…ကျွန်မ မယုံနိုင်ခဲ့ဘူး …သမီးလေးအတွက် အဖော်ရပြီ…မိသားစုဆိုတာ သိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးတဲ့ အသိုက်အမြုံ တခုပဲလေ အထီးကျန်ဖို့မွေးဖွားလာကြတာမဟုတ်ဘူး အဲ့တော့ ဘုရားကို ကျွန်မအားကိုးဆုတောင်းခဲ့တယ်…ကျွန်မအတွက် နွေးထွေးတဲ့ အသိုက်အမြုံလေးရဖို့အတွက်ဒီနှစ်ရဲ့ ဘုရားပေးတဲ့လက်ဆောင်တွေထဲမှာတော့ ဒီလက်ဆောင်လေးဟာ အရာအားလုံးကိုပြည့်စုံစေခဲ့ပီလေ🤗” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဘဝမှာ စွန့်ပစ်ခံရလို့ ထားခဲ့ခံရလို့ ဝမ်းနည်းခဲ့တဲ့ အချိန်တွေရှိခဲ့ပေမယ့်လည်း တစ်ချိန်ချိန်မှာတော့ ကိုယ့်ကို တန်ဖိုးထားမယ့်လူက ရှိစမြဲဖြစ်ကြောင်းလည်း ပြောကြားထားခဲ့ပါတယ်။”ကျန်ခဲ့တဲ့ ၁ပတ်က အာထရာဆောင်း ရိုက်တော့ ၅ လရှိပြီကျန်းကျန်းမာမာပဲတဲ့…အိုး…ဘာလေးပဲရရပါ…အဓိက က ခြေလက်အင်္ဂါ စုံဖို့ရယ် ကျန်းမာဖို့ရယ်..ညဏ်ရည်ကောင်းဖို့ရယ်ပါပဲ…ကျန်တာဘုရားပေးသလောက်ပေါ့..😇ဘဝဆိုတာ…တခါတလေမှာ စွန့်ပစ်ခြင်းခံရလို့…ထားခဲ့ခြင်း ခံရလို့…ဝမ်းနည်းခဲ့ရ ရင်တွေကွဲ ခဲ့ရပေမဲ့…အချိန်တချိန်ချိန်မှာတော့… ကိုယ့်ကိုချစ်မယ့်လူ တန်ဖိုးထားမယ့် လူကတော့ရှိနေစမြဲပါပဲ


Single parent ဘဝဆိုတာ အမေအဖြစ်ရော အဖေတယောက်လိုပါ အစစအရာရာကိုယ်တိုင်ရုန်းကန်ခဲ့ရလို့ပင်ပန်းပေမဲ့ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး။ဖူးစာကံဆိုတာပါသလောက်ပဲဆုံကြရတာမို့ ဆုံစည်း ခဲ့ကြ ရ ချိန်တွေ ပျော်စရာတွေကိုပဲ ဘဝတလျှောက်လုံးသယ်ဆောင်သွားဖို့ဆုံးဖြတ်ထားပါတယ်…
မိသားစု ဘဝလေး ပြိုကွဲခဲ့ရချိန်တွေ နာကျင်ခဲ့ရချိန်တွေ အားလုံးကို အကောင်းမြင်စိတ်နဲ့ကျော်ဖြတ်လာခဲ့တာ အခုဆို အချိန်တောင်၃နှစ်ရှိခဲ့ပါပြီ။ အခုလက်ရှိဘဝမှာ ကိုယ့်ကိုတန်ဖိုးထားပြီးချစ်ပေးတဲ့ဗိုက်ထဲက ကလေးလေးရဲ့ ဖေဖေ Enrico ကိုလဲကျေးဇူးအထူးတင်ပါတယ် 😘

လက်တွဲလာခဲ့တာ အချိန်၂နှစ်အတွင်း positive အမြင်နဲ့ဘဝကိုဖြတ်သန်းဖို့သင်ကြားပေးတဲ့အတွက်ရယ်ကျွန်မရဲ့ အတိတ်တွေ နားလည်ပေးပြီးကျွန်မနဲ့ သမီးလေးဂင်္ဂါကို မိသားစုဝင်အဖြစ်သတ်မှတ် လက်ခံပေးတဲ့အတွက်ရယ် တယောက် တည်း ပင်ပန်းနေချိန်တွေမှာ အစစအရာရာနားလည်ခွင့်လွှတ်ဖေးမပေးလို့အတိုင်းမသိဝမ်းသာမိရပါတယ်။


ကျေးဇူးလဲတင်တယ် သူ့ရဲ့ September လတုန်းက အသက် ၃၄နှစ်ပြည့်မွေးနေ့မှာလက်ဆောင်ဘာပေးရမှန်းမသိဘူးလို့ပြောတော့ အခုဗိုက်ထဲမှာရောက်နေတဲ့ဒီကလေးလေးဟာ ကျမတို့နှစ်ယောက်အတွက် ဘုရားကပေးတဲ့ အနာဂတ်လက်ဆောင်လေးပဲတဲ့ ဘာမှမလိုဘူး ကလေးနဲ့မိခင်ကျန်းမာဖို့အရေးကြီးတယ်ဆိုတဲ့…သူ့စကားကြောင့်အရမ်းပျော်ခဲ့ရတယ် ☺” လို့ ပြောကြားခဲ့ပါတယ်။


အခုချိန်မှာ သမီးလေးမြမိုးဂင်္ဂါလေးနဲ့ နောက်ထပ်မွေးလာမယ့် ကလေးလေးနေဖို့အတွက် သူမရဲ့သန်လျင် အိမ်လေးကို ထပ်မံပြင်ဆင်မှုတွေလုပ်နေခဲ့ပြီလို့လည်း ပြောကြားထားပါတယ်။”သမီးလေးဂင်္ဂါနဲ့ နောက်ထပ်ကလေးလေး နေဖို့အတွက် ကျွန်မရဲ့ သန်လျင်အိမ်လေးကို နောက်ထပ်တိုးပြီး ကလေးတွေအတွက် အိပ်ခန်းရေချိုးခန်းအိမ်သာလေးတွေ ကြမ်းခင်းသစ်သားပါကေးလေးတွေ အသံလုံ ခြင်မကိုက်အောင် ခြင်လုံစကာလေးတွေတံခါးလေးတွေကိုသူကိုယ်တိုင် အပင်ပန်းခံပြင်ပေးနေတာတွေ့ရတော့ အတိုင်းမသိကြည်နူးရပါတယ် 😇🤗

အတူတူ ဆေးတွေသုတ်ကြ..အိမ်သန့်ရှင်းရေးတွေလုပ်ကြ..ကလေးတွေအတွက် ရေကူးကန်ကိုပြန်ပြင်နဲ့ မနားတမ်းလုပ်ခဲ့ကြတယ်တခြားသူတွေ အတွက် ဘယ်လိုခံစားရမယ်မသိပေမဲ့ ကျွန်မအတွက်တော့ မေတ္တာတရားဆိုတာတန်ဖိုးထား ကြည့်မြင်တတ်သူတွေအတွက်သာ အဖိုးမဖြတ်နိူင်ဘူးလို့ထင်ပါတယ်။

အတိတ်ကအတိတ်ပါပဲ..ကျန်ရှိနေသေးတဲ့ ကျွန်မရဲ့ အနာဂတ်ကိုတော့ ကျွန်မကို တန်ဖိုးထားချစ်တဲ့သူတွေနဲ့ ကျွန်မချစ်ရတဲ့သူတွေနဲ့သာ ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းသွားမှာ ဖြစ်တဲ့ အကြောင်းလေး ကျွန်မကို ချစ်တဲ့ ကျွန်မ ချစ်တဲ့ ပရိသတ်အတွက် စကားလေးပါးရင်း အားလုံး Happy Sweet December ပါနော်🌲🎀ကျန်းမာပျော်ရွှင်ကြပါစေ 😇🙏” လို့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

 

  နဲ့