မကြာသေးခင်က မှအသက်နှစ်ဆယ်ပြည့်သွားတဲ့ ဦးဇော်ဇော်ရဲ့ သမီးဖြစ်သူ အိမ့်မှူးဇော်ဟာ အခုချိန်မှာ ဖခင် တည်ထောင်လှူတန်းပေးထားတဲ့ ဧရာဝတီကိုဗစ်စင်တာမှာ အစအဆုံးကူညီလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။ ပေါ့စတစ်လူနာလေးရာကျော်ကို ကုသမှုတွေပေးနိုင်မယ့် ကိုဗစ်ရောဂါကုသရေးဌာန(သုဝဏ္ဏ)မှာ စီမံခန့်ခွဲမှု အပိုင်းတွေသာမက လိုအပ်တဲ့နေရာတိုင်းမှာ ကူညီလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ Rich Kid ဖြစ်တဲ့သူမဟာ အခုလိုမျိုး လူမှုအကျိုးပြုလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် စိတ်ရော ကိုယ်ပါ ကူညီဆောင်ရွက်နေတာကြောင့် လူအများရဲ့ချစ်ခင်မှုတွေကိုပါရထားတာပဲဖြစ်ပါတယ်။ သူမရဲ့ လူူမှုကွန်ရက်စာမျက်နှာကနေတဆင့်လည်း “အတူတကွ အခက်ခဲများကိုကျော်လွှား ကြပါစို့” ဆိုပြီး အားပေးစကားကို တင်ထားပါသေးတယ်။
Rich Kidတစ်ယောက်အနေနဲ့ ကြီးပြင်းလာရပြီး ပရဟိတ အလုပ်တွေ ကို အင်တိုက်အားတိုက်လုပ်ဆောင်နိုင်တယ် ဆိုတာကလည်း ဖခင်ဖြစ်သူရဲ့လေးစားအတုယူဖွယ် စိတ်ဓာတ် တွေကို အားကျအတုယူလို့ ဖြစ်နိုင်တယ်ဆိုပြီးလည်း ဆိုရှယ်မီဒီယာ ထက်မှာ ကောမန့်တွေ ပေးထားကြ ပါတယ်။ မွေခံထိုက်စေသမီးအလိမ္မာလေးလို့လည်း မှတ်ချက်ပြုထားသူတွေ အများကြီးရှိခဲ့ပါတယ်။
ဖခင်ဖြစ်သူဦးဇော်ဇော်ကလည်း “လူသားတန်ဖိုး” ကဘာဆိုတာ၊ သူဘယ်လိုခံယူထားတယ်ဆိုတာကို အခုလို ပြောထားပါသေးတယ်။ “မမျှော်လင့်ဘဲ ကျွန်တော်တို့ရဲ့ ပျော်ရွှင်စရာကမ္ဘာကြီးဟာ ကပ်ရောဂါဆိုးကြောင့် တုံ့ ဆိုင်းသွားပြီး အချိန်နဲ့အမျှ လူ့လောကကို ကျောခိုင်းနေရသူတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့အားလုံး တက် ညီလက်ညီနဲ့ ကိုဗစ်ကပ်ဆိုးကို တွန်းလှန်နေတာဟာ ရောဂါကာကွယ်ကုသရေး တစ်ခုတည်း အတွက်မ ဟုတ်ပါဘူး။လူသားတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့နဲ့ အလုပ်အကိုင် အခွင့်အ လမ်းတွေ၊ လူငယ်တွေအတွက် ပျော်ရွှင်စရာတွေနဲ့ လေ့လာသင်ကြားရမယ့် အချိန်တွေ၊ လူသားအားလုံး လွတ်လပ်စွာ တွေ့ဆုံခွင့်တွေအပြင် လူ့သက်တမ်းစေ့နေနိုင်ဖို့အတွက် ကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။ လူသားတွေရဲ့ တန်ဖိုးရှိတဲ့ဘဝကို ပုံမှန်ပြန်ဖြစ်စေဖို့အတွက် မေတ္တာတရားကြီးမားစွာဖြင့် စည်းစည်းလုံးလုံး လက်တွဲပူးပေါင်း ရင်ဆိုင်သွားရမှာဖြစ်ပါတယ် 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗪𝗲 𝗙𝗶𝗴𝗵𝘁” လို့ဆိုပါတယ်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု၊ ဧရာဝတီဖောင်ဒေးရှင်းရဲ့ဦးဆောင်မှုဖြင့် (၇)ရက်အတွင်း အပြီးတည်ဆောက်ခဲ့တဲ့ ကုတင် (၄၀၀)ကျော်ပါရှိသည့် Covid-19 ရောဂါကုသရေး ဌာန (သုဝဏ္ဏ)၊ ဧရာဝတီစင်တာဟာ ၂၀၂၀ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့ ညနေပိုင်းကစပြီး Positive လူနာများကို စတင်လက်ခံ ကုသပေးနေတာဖြစ်ပါတယ်။
ဧရာဝတီစင်တာတွင် စုစုပေါင်း လူဦးရေ (၄၀၀)ကျော်ကို တပြိုင်တည်း ထားရှိ ကုသပေးနိုင်မည့် ကုသဆောင်များ၊ Intensive Care Unit၊ Duty Room (Control Center)၊ ဆေးပစ္စည်းနှင့် လိုအပ်သော ပစ္စည်းများအတွက် Store အဆောက်အဦး၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများ၊ Examination Room များ၊ Swab Test ရယူမည့် Protective Chamber များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် နားနေဆောင်များ၊ပါရှိပါတယ်။
အဝတ်လျှော်စက်ကြီးများ၊ Locker နှင့် ပိုးသတ်စနစ်ပါဝင်သော PPE အဝတ်လဲခန်းနှင့် ရေချိုးခန်းများ၊ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၁၅၀)ခန့်အတွက် အဆောင်နေရာများ၊ အဝတ်လျှော်စက်ကြီးများ၊ CCTV ဖြင့် စောင့်ကြည့်ရေးစနစ်များ၊ Fire Alarm System နှင့် မီးသတ်ဆေးဘူးများ၊ PA System များ၊ QR Code ဖြင့် Registration လုပ်နိုင်မည့်စနစ်များ၊ ဆရာဝန်များနှင့် လူနာများ အကြား Video ဖြင့် ဆက်သွယ်ရန် နေရာများ၊ လျှပ်စစ်မီး အလုံအလောက် ထောက်ပံ့ပေးနိုင်မည့် မီးစက်ကြီးများ၊ အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်မည့် စနစ်များ၊ နေ့စဉ်လိုအပ်သော အစားအသောက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် နေရာများ ပါရှိပါတယ်။